Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 1:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​သည် သိုး​ခုနစ်​ထောင်​၊ ကုလားအုတ်​သုံး​ထောင်​၊ နွား​အရှဉ်း​ငါး​ရာ​၊ မြည်း​ငါး​ရာ​နှင့် အစေခံ​အများအပြား ပိုင်ဆိုင်​ထား​၏​။ အရှေ့​ပြည်သား​အပေါင်း​တို့​တွင် သူ​သည် အချမ်းသာဆုံး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သူ ပိုင် ဆိုင် ရာ ကား၊ သိုး ဆိတ် ခု နစ် ထောင်၊ ကု လား အုပ် သုံး ထောင်၊ နွား ရှဉ်း ငါး ရာ၊ မြည်း မ ငါး ရာ နှင့် အ လွန် များ ပြား သော ငယ် သား တို့ တည်း။ ထို့ ကြောင့်၊ အ ရှေ့ ပြည် သား တို့ တွင်၊ အ ကြီး မြတ် ဆုံး သော သူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 1:3
34 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။


အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။


ထို​သူ​နှစ်​ဦး​တို့​သည် အတူတကွ​နေထိုင်​ရန် မြေ​မ​လုံလောက်​ပေ​။ အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​အလွန်​များပြား​သဖြင့် သူ​တို့​သည် အတူတကွ​နေထိုင်​ရန် မ​ဖြစ်နိုင်​တော့​ချေ​။


ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို အလွန်​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​သည် ချမ်းသာ​သော​သူ​ဖြစ်လာ​ပါ​သည်​။ ကိုယ်တော်​သည် သူ့​အား သိုးအုပ်​၊ နွားအုပ်​၊ ရွှေ​၊ ငွေ​၊ ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​၊ ကုလားအုတ်​များ​နှင့် မြည်း​များ​ကို ပေး​တော်မူ​ပါ​သည်​။


မိမိ​မယားငယ်​တို့​၏​သား​တို့​ကို​ကား အာဗြဟံ​သည် လက်ဆောင်ပစ္စည်း​များ​ပေး​၍ မိမိ​အသက်ရှင်​စဉ်တွင် သူ​တို့​ကို မိမိ​သား​ဣဇက်​နှင့်​ဝေးရာ အရှေ့​ပြည်​သို့ လွှတ်လိုက်​လေ​၏​။


ထို့နောက် ယာကုပ်​သည် ခရီးဆက်​၍ အရှေ့​ပြည်သား​တို့​နေ​ရာ​အရပ်​သို့ ရောက်​သောအခါ


ဆိတ်မ​အကောင်​နှစ်ရာ​၊ ဆိတ်ထီး​အကောင်​နှစ်ဆယ်​၊ သိုးမ​အကောင်​နှစ်ရာ​၊ သိုးထီး​အကောင်​နှစ်ဆယ်​၊


ထိုအခါ သူ​တို့​၏​သိုးနွား​များ​မှစ၍ သူ​တို့​၏​ဥစ္စာ​နှင့်​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​မည်​မ​ဟုတ်​လော​။ သူ​တို့​နှင့်​လိုက်လျော​သဘောတူ​ကြ​စို့​။ သို့ပြုလျှင် သူ​တို့​သည် ငါ​တို့​နှင့်အတူ​နေထိုင်​ကြ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။


ချမ်းသာ​သော​သူ​၌ သိုးအုပ်​၊ နွားအုပ် အများအပြား​ရှိ​၏​။


ထို့ကြောင့် အရှေ့တိုင်းသား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက်​၊ အီဂျစ်​ပြည်သား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက် ရှောလမုန်​မင်းကြီး​သည် ဉာဏ်ပညာ​ပို၍​ရှိ​လေ​၏​။


ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ်​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။


မောဘ​ဘုရင်​မေရှာ​မင်းကြီး​သည် သိုး​မွေးမြူ​သူ​ဖြစ်​၍ အစ္စရေး​ဘုရင်​အား သိုးသငယ်​အကောင်​တစ်သိန်း​နှင့် သိုးထီး​အကောင်​တစ်သိန်း​တို့​၏​အမွေး​ကို ဆက်သ​ရ​၏​။


ဣရှမေလ​အမျိုး ဩဗိလ​သည် ကုလားအုတ်​များ​ကို တာဝန်ယူ​ရ​၏​။ မေရောနုတ်​မြို့သား​ယေဒေယ​သည် မြည်း​တို့​ကို တာဝန်ယူ​ရ​၏​။


မြေနိမ့်ဒေသ​နှင့် လွင်ပြင်​တို့​တွင် သူ​ပိုင်ဆိုင်​သော​တိရစ္ဆာန်​များစွာ​ရှိ​သောကြောင့် တော​ထဲ၌ မျှော်စင်​များ​ကို​ဆောက်လုပ်​၏​။ ရေတွင်း​များစွာ​ကို​လည်း တူး​၏​။ လယ်ယာ​စိုက်ပျိုးရေး​ကို ဝါသနာ​ပါ​သောကြောင့် တောင်ကုန်း​များ​၊ သီးနှံ​ဖြစ်ထွန်း​သော​မြေယာ​များ​တွင် လယ်သမား​များ​၊ စပျစ်ခြံလုပ်သား​များ​ကို ထားရှိ​၏​။


မိမိ​အဖို့ မြို့​များ​ကို​လည်း တည်ဆောက်​၏​။ ဘုရားသခင်​သည် သူ့​အား အလွန်​ချမ်းသာ​ကြွယ်ဝ​စေ​သဖြင့် သူ​၌ သိုး​နွား​တိရစ္ဆာန် အမြောက်အမြား​ရှိ​၏​။


သူ​နှင့်​သူ့​အိမ်သူအိမ်သား​များ​၊ သူ​၌​ရှိသမျှ​တို့​ကို ကိုယ်တော် ဝိုင်းရံ​ကာကွယ်​ပေး​ထား​သည်​မ​ဟုတ်​ပါ​လော​။ သူ​လုပ်ဆောင်​သမျှ​တို့​ကို ကောင်းချီးပေး​သဖြင့် သူ​ပိုင်​သော​တိရစ္ဆာန်​များ​သည်​လည်း မြေကြီး​တစ်ခွင် တိုးပွား​နေ​သည်​မ​ဟုတ်​ပါ​လော​။


သူ့​သား​တို့​သည် သတ်မှတ်​ထား​သော​နေ့​အတိုင်း သူ​တို့​အိမ်​အသီးသီး​၌ စားသောက်ပွဲ​ကို အလှည့်ကျ​ကျင်းပ​၍ သူ​တို့​၏​နှမ​သုံး​ယောက်​ကို​လည်း အတူ​စား​သောက်​ကြ​ရန် လူ​လွှတ်​၍ ဖိတ်ကြား​လေ့​ရှိ​၏​။


အကြောင်းမူကား သင်​တို့​က ‘​မင်းအရာရှိ​အိမ်​ကား အဘယ်မှာ​နည်း​။ လူဆိုး​တို့​နေ​သော​တဲ​ကား အဘယ်မှာ​နည်း​’​ဟု မေး​တတ်​ကြ​၏​။


ငါ​သည် ခေါင်းဆောင်​နေရာ​တွင်​နေ​၍ သူ​တို့​ကို လမ်းညွှန်​ပြသ​ပေး​ခဲ့​၏​။ စစ်သည်​တို့​ခြံရံ​ထား​သော​ရှင်ဘုရင်​ကဲ့သို့​လည်းကောင်း​၊ ငိုကြွေးမြည်တမ်း​သူ​ကို နှစ်သိမ့်ပေး​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ခဲ့​၏​။


ငါ​၌ ဥစ္စာပစ္စည်း​များစွာ​ရှိ​၍ ငါ့​လက်ဝယ်ငွေ​အမြောက်အမြား​ရှိ​သောကြောင့် ငါ​ဝမ်းမြောက်​မိ​ခဲ့​လျှင်​၊


ငါ​လျှောက်​သည့်​လမ်း​ကို ကိုယ်တော့်​အား လျှောက်တင်​မည်​။ အုပ်ချုပ်သူမင်း​တစ်​ပါး​ကဲ့သို့ ကိုယ်တော့်​ထံ ချဉ်းကပ်​မည်​။


မိတ်ဆွေ​များ​အတွက် ယောဘ​ဆုတောင်း​ပေး​ပြီး​နောက်တွင် ထာဝရဘုရား​သည် ယောဘ​ဆုံးရှုံး​ခဲ့​ရ​သော​ဥစ္စာ​တို့​ကို ပြန်ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ယောဘ​အား သူ​ပိုင်ဆိုင်​ခဲ့​သမျှ​၏​နှစ်ဆ​ကို ပြန်ပေး​တော်မူ​၏​။


ယောဘ​၏​ဘဝ​အစပိုင်း​ထက် နောက်ပိုင်း​ကို ထာဝရဘုရား ပို၍​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၌ သိုး တစ်သောင်းလေးထောင်​၊ ကုလားအုတ် ခြောက်​ထောင်​၊ နွား​အရှဉ်း တစ်ထောင်​၊ မြည်းမ တစ်ထောင် ရှိ​လေ​၏​။


ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် လူ​ကို​ချမ်းသာကြွယ်ဝ​စေ​၏​။ ကိုယ်တော်​သည် ထို​ချမ်းသာကြွယ်ဝမှု​၌ မည်သည့်​ခက်ခဲပင်ပန်းမှု​ကို​မျှ ထပ်ပေါင်း​တော်​မ​မူ​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချေမှုန်း​နိုင်​ခဲ့​သော​ကေဒါ​အမျိုး​နှင့်​ပတ်သက်၍​၊ ဟာဇော်​နိုင်ငံ​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​ထ​ကြ​။ ကေဒါ​အမျိုး​ကို တိုက်ခိုက်​ကြ​။ အရှေ့​ပြည်သား​များ​ကို ဖျက်ဆီး​ကြ​။


ထိုအခါ ဗာလမ်​က ပရောဖက်​ပြု​လျက် “​မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် ငါ့​ကို အရှေ့​တောင်ရိုး အာရံ​ပြည်​မှ​ခေါ်လာ​၍ ‘​လာ​ပါ​လော့​။ ငါ့​အဖို့ ယာကုပ်​အမျိုး​ကို​ကျိန်ဆဲ​ပါ​လော့​။ လာ​ပါ​လော့​။ အစ္စရေး​လူမျိုး​ကို​ရှုတ်ချ​ပါ​လော့​’​ဟု ဆို​၏​။


အစ္စရေး​လူမျိုး​တို့​စိုက်ပျိုး​ပြီး​ကြ​ပြီ​ဆိုလျှင် မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​တို့​သည် ချီတက်​လာ​ပြီး သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။


သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။


ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။


အရှေ့​ပြည်သား​စစ်သည်​အပေါင်း​တို့​ထဲမှ ဓား​ကိုင်​စစ်သည်​တစ်သိန်းနှစ်သောင်း​ကျဆုံး​သွား​သဖြင့် ကြွင်းကျန်​သော​စစ်သည်​တစ်သောင်းငါးထောင်​တို့​သာ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​နှင့်အတူ ကာကော်​မြို့​၌ ရှိ​ကြ​၏​။


ထိုစဉ်က ကရမေလ​မြို့​တွင် လုပ်ငန်း​လုပ်ကိုင်​၍ အလွန်​ချမ်းသာ​သော​သူ မောန​မြို့သား​တစ်​ဦး​ရှိ​၏​။ သူ​သည် သိုး​အကောင်​သုံး​ထောင်​၊ ဆိတ်​အကောင်​တစ်ထောင် ပိုင်ဆိုင်​ပြီး ကရမေလ​မြို့​၌​နေ​၍ သိုး​များ​ကို အမွေးညှပ်​လျက်​ရှိ​၏​။


ဒါဝိဒ်​သည် ထို​အရပ်​ကို တိုက်ခိုက်​ပြီးလျှင် ယောက်ျား​မိန်းမ တစ်ယောက်မကျန် သုတ်သင်​ပစ်​၏​။ သိုး​၊ နွား​၊ မြည်း​၊ ကုလားအုတ်​နှင့် အဝတ်အစား​တို့​ကို​လည်း သိမ်းယူ​ပြီး အာခိတ်​မင်းကြီး​ထံ ပြန်​သွား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ