ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ဒေသနာကျမ်း။ 2:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ Common Language Bible ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။ Garrad Bible ထို သူ သည်၊ လိ မ္မာ မည်၊ မ လိ မ္မာ မည် ကို၊ မည် သူ မျှ မ သိ နိုင် သော် လည်း၊ နေ အောက် တွင် ငါ ပ ညာ ချွန် ၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကို၊ ဆက် ခံ စိုး ပိုင် လိမ့် မည်။ ထို အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ်၏။ Judson Bible ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသောအမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ |
ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ထိုအခါ ရှင်ဘုရင်သည် လူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် နေအောက်တွင်ငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ငါသည် မျှော်လင့်စရာကင်းမဲ့လာလေ၏။
သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။
တစ်ဖန် ဉာဏ်ပညာနှင့်ဆိုင်သော ဤဥပမာတစ်ခုကို နေအောက်တွင် ငါတွေ့မြင်၏။ ၎င်းသည် ငါ့အတွက်ကြီးမားသောအရာဖြစ်၏။
ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။