Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 12:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထိုအခါ ရှင်ဘုရင်​သည် လူ​တို့​အား ကြမ်းတမ်း​စွာ​ပြန်ပြော​၏​။ သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို ပစ်ပယ်​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13-14 ဘု ရင် မင်း သည် လူ ကြီး တို့ ပေး သော အ ကြံ ကို စွန့်၍ လူ ပျို တော် တို့ အ ကြံ ကို လိုက် လျက် သင် တို့ အ ပေါ် တွင် လေး လံ သော ထမ်း ပိုး ကို ခ မည်း တော် တင် ခဲ့ သည် မှန်၏။ ငါ ကား ထပ်၍ တင် ဦး မည်။ ခ မည်း တော် သည် သင် တို့ ကို နှင် တံ ဖြင့် ဆုံး မ ခဲ့ သည် မှန်၏။ ငါ ကား ကင်း မြီး ကောက် နှင့် ဆုံး မ ဦး မည် ဟု ပ ရိ သတ် အား ခက် ထန် စွာ ပြန် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရှင်​ဘု​ရင်​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်။ လူ​ပျို​တို့​ပေး​သော​အ​ကြံ​ကို​လိုက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 12:13
21 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​က​လည်း “​ကြည့်ရှု​လော့​။ သင်​၏​ကျွန်မ​သည် သင့်​လက်​ထဲ၌​ရှိ​၏​။ သင်​အလိုရှိ​သည့်​အတိုင်း သူ့​ကို​ပြု​ပါ​”​ဟု စာရဲ​အား ဆို​၏​။ ထိုအခါ စာရဲ​သည် ဟာဂရ​ကို​နှိပ်စက်​သဖြင့် သူ​သည် စာရဲ​ထံမှ​ထွက်ပြေး​လေ​၏​။


သူ​တို့​က “​ထို​ပြည်​၏​အရှင်သခင်​သည် အကျွန်ုပ်​တို့​အား ကြမ်းတမ်း​စွာ​ပြောဆို​လျက် ထို​ပြည်​ကို စူးစမ်း​ရန်​လာ​သော​သူလျှို​များ​ဟု ထင်မှတ်​ပါ​၏​။


ယောသပ်​သည် မိမိ​၏​အစ်ကို​တို့​ကို​မြင်​သောအခါ သူ​တို့​ကို မှတ်မိ​သော်လည်း မသိဟန်ဆောင်​လျက် ကြမ်းတမ်း​စွာ​ပြောဆို​၏​။ ယောသပ်​က သူ​တို့​အား “​သင်​တို့ အဘယ်​က​လာ​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အစားအစာ​ဝယ်ယူ​ရန် ခါနာန်​ပြည်​မှ​လာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က​လည်း ယုဒ​အမျိုးသား​တို့​အား “​ရှင်ဘုရင်​၌ ငါ​တို့​ဝေစု​ဆယ်​စု​ရှိ​၏​။ ထို့ကြောင့် သင်​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပို၍​စပ်ဆိုင်​၏​။ အဘယ်ကြောင့် ငါ​တို့​ကို မထီလေးစားပြု​ရ​သနည်း​။ ငါ​တို့​ဘုရင်​ကို ငါ​တို့ အဦးဆုံး​ပြန်ခေါ်​ရ​မည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။ သို့သော် ယုဒ​အမျိုးသား​တို့​၏​စကား​သည် အစ္စရေး​အမျိုးသား​တို့​၏​စကား​ထက် ပို၍​ခိုင်မာ​၏​။


ရှင်ဘုရင်​က “​သုံး​ရက်​မြောက်​နေ့​တွင် ငါ့​ထံ​ပြန်လာ​ကြ​”​ဟု ဆို​သည့်​အတိုင်း ယေရောဗောင်​နှင့်​လူ​အပေါင်း​တို့​သည် သုံး​ရက်​မြောက်​သော​နေ့​တွင် ရောဗောင်​မင်းကြီး​ထံသို့ ပြန်လာ​ကြ​၏​။


သူ​သည် လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။


သို့ဖြစ်၍ ဖာရော​မင်းကြီး​က မောရှေ​အား “​ငါ့​ထံမှ​ထွက်သွား​လော့​။ ငါ့​ရှေ့​သို့ နောက်ထပ်​မ​ဝင်​မိ​စေရန် သတိပြု​လော့​။ အကယ်စင်စစ် ငါ့​မျက်နှာ​ကို​သင်​မြင်​သော​နေ့​၌ သင်​သေ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ရက်စက်ကြမ်းကြုတ်မှု​ကို ဖုံးကွယ်​တတ်​၏​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် နှစ်သက်​ဖွယ်​သော​အရာ​ကို သိ​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို​သာ သိ​၏​။


ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။


ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။ ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။


ဆင်းရဲ​သော​သူ​သည် အသနားခံ​ပြောဆို​တတ်​၏​။ ချမ်းသာ​သော​သူ​မူကား ကြမ်းတမ်း​စွာ​တုံ့ပြန်​ပြောဆို​တတ်​၏​။


ပညာရှိ​သော​သူ​၏​နှုတ်ထွက်​စကား​သည် မျက်နှာရ​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​မူကား သူ့​ကို​ဝါးမျို​ဖျက်ဆီး​တတ်​၏​။


ထို​သူ​သည် ပညာရှိ​သော​သူ​ဖြစ်​မည်လော​၊ သို့မဟုတ် မိုက်မဲ​သော​သူ​ဖြစ်​မည်လော မည်သူ​သိ​နိုင်​သနည်း​။ သို့သော် နေ​အောက်​တွင် ဉာဏ်ပညာရှိ​စွာ​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို ထို​သူ​သည် စိုးမိုး​ရ​လိမ့်မည်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။


သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။


ဒါဝိဒ်​က​လည်း ယောနသန်​အား “​အကယ်၍ သင့်​ခမည်းတော်​က သင့်​ကို ကြမ်းကြမ်းတမ်းတမ်း စကား​ပြန်ပြော​လျှင် ကျွန်ုပ်​ကို မည်သူ​ပြောပြ​မည်နည်း​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ