Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 2:19 - Common Language Bible

19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို သူ သည်၊ လိ မ္မာ မည်၊ မ လိ မ္မာ မည် ကို၊ မည် သူ မျှ မ သိ နိုင် သော် လည်း၊ နေ အောက် တွင် ငါ ပ ညာ ချွန် ၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကို၊ ဆက် ခံ စိုး ပိုင် လိမ့် မည်။ ထို အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သူ​သည် ပ​ညာ​ရှိ​မည်​လော၊ မိုက်​မည်​လော​ဟု အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ထို​သူ​သည် ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ၊ နေ​အောက်​မှာ ငါ့​ပ​ညာ​ကို ထင်​ရှား​ပြ​လေ​သ​မျှ​သော​အ​မှု​တို့​ကို အ​စိုး​ရ​လိမ့်​မည်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို​သူ​သည် ပညာရှိ​သော​သူ​ဖြစ်​မည်လော​၊ သို့မဟုတ် မိုက်မဲ​သော​သူ​ဖြစ်​မည်လော မည်သူ​သိ​နိုင်​သနည်း​။ သို့သော် နေ​အောက်​တွင် ဉာဏ်ပညာရှိ​စွာ​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို ထို​သူ​သည် စိုးမိုး​ရ​လိမ့်မည်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 2:19
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။


ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-


ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။


ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။


လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။


နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊


ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။


အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။


ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-


သို့​သော်​အ​ထက်​မှ​သက်​ရောက်​သည့်​ပ​ညာ သည်​ကား​ပ​ထ​မ​အ​နေ​ဖြင့်​စင်​ကြယ်​၏။ ထို နောက်​ငြိမ်း​ချမ်း​သာ​ယာ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု၊ ခင်​မင်​မှု​တို့​ကို​ပြု​စု​တတ်​၏။ ယင်း​သည်​က​ရု ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​၍​ကောင်း​မြတ်​သည့် အ​ကျင့်​များ​တည်း​ဟူ​သော​အ​သီး​အ​ပွင့်​တို့ ကို​ဖြစ်​ပွား​စေ​တတ်​၏။ ထို့​အ​ပြင်​မျက်​နှာ မ​လိုက်​တတ်။ ဟန်​ဆောင်​မှု​နှင့်​ကင်း​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ