Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 3:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သို့ဖြစ်၍ လူ​သည် မိမိ​ပြုလုပ်​သော​အမှု​၌ ဝမ်းမြောက်​ခြင်း​မှတစ်ပါး အခြား​ကောင်း​သော​အရာ​မ​ရှိ​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ထို​အရာ​သည် သူ​၏​ဝေစု​ဖြစ်​၏​။ အဘယ်ကြောင့်​ဆိုသော် သူ့​နောက်တွင် ဖြစ်လာ​မည့်​အရာ​ကို​မြင်​ရ​ရန် မည်သူ​သည် သူ့​ကို​ခေါ်ဆောင်​သွား​နိုင်​မည်နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 လူ သည် အ ပြု အ မူ၌ ရွှင် လန်း ခြင်း ထက်၊ ကောင်း သော အ ရာ မ ရှိ သည် ကို ငါ သိ မြင်၏။ ထို ရွှင် လန်း ခြင်း ကား၊ ကိုယ် ကျိုး ဖြစ် သ တည်း။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို သိ စေ ခြင်း ငှာ၊ သူ့ ကို မည် သူ ပြန် ခေါ် နိုင် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 လူ​သည် မိ​မိ​ပြု​မူ​ရာ၌ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ​သည်​ကို ငါ​သိ​မြင်၏။ ထို​အ​မှု​သည် သူ၏​အ​ဖို့ ဖြစ်၏။ သူ​သည် မိ​မိ​နောက်​မှာ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို သိ​မြင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ဆောင်​ခဲ့​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 3:22
24 ပူးပေါင်းရင်းမြစ်များ  

သူ့​သား​တို့​ချီးမြှောက်​ခံရ​လျှင်​လည်း သူ​မ​သိ​ရ​ပါ​။ သူ​တို့​အထင်သေး​ခံရ​လျှင်​လည်း သူ​နား​မ​လည်​ပါ​။


မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။


အချင်း​လူပျို​၊ သင်​ပျိုရွယ်​စဉ်တွင် ဝမ်းမြောက်​လော့​။ သင်​၏​အသက် ပျိုရွယ်​သော​နေ့ရက်​များ​၌​လည်း သင်​၏​စိတ်နှလုံး​သည် ရွှင်လန်း​ပါစေ​။ သင့်​စိတ်နှလုံး​အလိုရှိ​ရာ​လမ်း​များ​နောက်​သို့​လည်းကောင်း​၊ သင့်​မျက်စိ​ပသာဒ​နောက်​သို့​လည်းကောင်း လိုက်​လော့​။ သို့ရာတွင် ထို​အရာ​အားလုံး​အတွက် ဘုရားသခင်​သည် သင့်​ကို​တရားသဖြင့်​စီရင်​တော်မူ​မည်​ဖြစ်ကြောင်း သိမှတ်​လော့​။


နေ​အောက်​တွင် ငါ​ကြိုးပမ်းအားထုတ်​သော ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို​လည်း ငါ​မုန်း​၏​။ အကြောင်းမူကား ငါ့​နောက်​လာ​မည့်​သူ​အား ၎င်း​တို့​ကို​ချန်ထား​ခဲ့​ရ​မည်​ဖြစ်​၏​။


လူ​သည် စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အပေါ် စိတ်​ကျေနပ်အားရ​လျက်​နေ​ခြင်း​မှတစ်ပါး သူ့​အတွက်​အခြား​ကောင်း​သော​အရာ​မ​ရှိ​။ ထို​အရာ​သည်​လည်း ဘုရားသခင်​၏​လက်​တော်​မှ​လာ​သည်​ကို ငါ​တွေ့မြင်​၏​။


အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။


ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။


သို့ဖြစ်၍ ပျော်ရွှင်မှု​ကို​ငါ​ထောမနာပြု​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင် စား​လျက်​၊ သောက်​လျက်​၊ ဝမ်းမြောက်​လျက်​နေ​ခြင်း​ထက် လူ့​အတွက်​ကောင်း​သည့်​အရာ​မ​ရှိ​။ ဤသည်ကား နေ​အောက်​တွင် လူ​ကို​ဘုရားသခင်​ပေး​တော်မူ​သော အသက်တာ​၏​နေ့ရက်​ကာလ​များ​၌ လူ​၏​ကြိုးပမ်းအားထုတ်မှု​ထဲတွင် သူ​နှင့်အတူ​လိုက်ပါ​လာ​သော​အရာ​ဖြစ်​၏​။


အကြောင်းမူကား နောင်​ဖြစ်​မည့်​အရာ​ကို မည်သူမျှ​မ​သိ​သည်​ဖြစ်၍ မည်သည့်​အရာ​ဖြစ်လာ​မည်​ကို မည်သူ​ပြော​နိုင်​သနည်း​။


အမှန်စင်စစ် လူ​သည် မိမိ​၏​အချိန်​ကာလ​ကို မ​သိ​တတ်​။ ဘေးအန္တရာယ်​ရှိ​သော​ပိုက်ကွန်​၌ ဖမ်းမိ​ခြင်း​ခံရ​သော​ငါး​များ​နှင့် ကျော့ကွင်း​၌​မိ​သော​ငှက်​များ​ကဲ့သို့ လူသား​တို့​သည် သူ​တို့​အပေါ်​သို့ ဆိုးရွား​သော​အချိန်​ကာလ ရုတ်တရက်​ကျရောက်​သောအခါ ထို​အရာ​အားဖြင့် ကျော့မိ​တတ်​၏​။


သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။


သင်​မူကား အဆုံး​တိုင်အောင် ဆက်လျှောက်​လော့​။ သင်​သည် ငြိမ်းချမ်း​စွာ​နေ​ရ​မည်​။ နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ သင်​သည် ရပ်​၍ အမွေ​ဝေစု​ကို​ခံယူ​ရ​လိမ့်မည်​”​ဟု ငါ့​အား ဆို​၏​။


ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။


သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​များ​သည် ထို​ပူဇော်သက္ကာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ စား​ရ​မည်​။ သင်​လုပ်ဆောင်​လေရာရာ​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။


ထို​အရပ်​တွင် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​ရ​မည်​။ သင်​တို့​လုပ်ဆောင်​လေရာရာ​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သောကြောင့် သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​သည် ဝမ်းမြောက်​ကြ​ရ​မည်​။


သင်​သည် အရာရာ​၌​ကြွယ်ဝ​လျက်ပင် ဝမ်းမြောက်​ခြင်း​၊ စိတ်နှလုံး​ရွှင်လန်း​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​အစေ​မ​ခံ​သောကြောင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ