Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 11:43 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လေ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ခ မည်း တော် ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ရော ဗောင် သည် အ ရိုက် အ ရာ ၌ နန်း စံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 11:43
24 ပူးပေါင်းရင်းမြစ်များ  

သို့မဟုတ်လျှင် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​ပြီးနောက်​တွင် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​သား​ရှောလမုန်​သည် ရာဇဝတ်သား​များ ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လေ​၏​။


ရောဗောင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။ ရောဗောင်​မင်းကြီး​၏​သား​တော်​အဘိယံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


နောက်ဆုံး​တွင် အာသ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ အဘီ​တော်​ဒါဝိဒ်​မြို့​တွင် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ သင်္ဂြိုဟ်​ကြ​လေ​၏​။ သူ​၏​သား​တော် ယောရှဖတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


အဘိယံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာသ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဗာရှာ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ တိရဇာ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဧလာ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။


အာဟပ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ​ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ ဩဇ​ဥယျာဉ်​ဟု​ခေါ်​သော နန်းတော်​ဥယျာဉ်​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


အာမုန်​မင်းကြီး​အား ဩဇ​ဥယျာဉ်​ရှိ သူ​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ရှောလမုန်​၏​သား​မှာ ရောဗောင်​၊ ရောဗောင်​၏​သား​မှာ အဘိယ​၊ အဘိယ​၏​သား​မှာ အာသ​၊ အာသ​၏​သား​မှာ ယောရှဖတ်​၊


လူဆိုး​လူမိုက်​တို့​သည် ယေရောဗောင်​နှင့်​ပူးပေါင်း​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင်​ကို ဆန့်ကျင်​ခဲ့​ကြ​၏​။ ရောဗောင်​သည် ငယ်ရွယ်သူ​ဖြစ်​၍ အတွေ့အကြုံနည်း​သဖြင့် သူ​တို့​ကို မ​တွန်းလှန်​နိုင်​ခဲ့​ပေ​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


ဩဇိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သွား​သောအခါ “သူ​သည် အနာကြီးရောဂါစွဲ​သော​သူ​ဖြစ်​၏”​ဟု ဆို​လျက် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ရှင်ဘုရင်​တို့​၏​သင်္ချိုင်း​မြေ​တွင်​သာ သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောသံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို နှစ်ပေါင်း​လေးဆယ် အုပ်စိုး​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။


ထို​သူ​သည် ပညာရှိ​သော​သူ​ဖြစ်​မည်လော​၊ သို့မဟုတ် မိုက်မဲ​သော​သူ​ဖြစ်​မည်လော မည်သူ​သိ​နိုင်​သနည်း​။ သို့သော် နေ​အောက်​တွင် ဉာဏ်ပညာရှိ​စွာ​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို ထို​သူ​သည် စိုးမိုး​ရ​လိမ့်မည်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။


မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။


စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။


ရှောလမုန်​သည် သား​ရောဗောင်​ကို​ရ​၏။ ရောဗောင်​သည် သား​အဘိယ​ကို​ရ​၏။ အဘိယ​သည် သား​အာသ​ကို​ရ​၏။


ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​၏​ဘိုးဘေး​တို့​နှင့်အတူ သင်​အိပ်ပျော်​ပြီး​နောက်တွင် ဤ​လူမျိုး​တို့​သည် သူ​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​နှင့် ထ​၍​ဖောက်ပြန်မှားယွင်း​ကြ​မည်​။ ငါ​ကို​စွန့်ပယ်​ကြ​မည်​။ သူ​တို့​နှင့်​ငါ​ဖွဲ့​ခဲ့​သော ပဋိညာဉ်​ကို ချိုးဖောက်​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ