ဒေသနာကျမ်း။ 2:18 - မြန်မာ့စံမီသမ္မာကျမ်း18 နေအောက်တွင် ငါကြိုးပမ်းအားထုတ်သော ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ငါမုန်း၏။ အကြောင်းမူကား ငါ့နောက်လာမည့်သူအား ၎င်းတို့ကိုချန်ထားခဲ့ရမည်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ၎င်း ပြင်၊ နေ အောက် တွင် ကြိုး ပန်း စွာ လုပ် ကိုင် သ မျှ ကို၊ နောက် ဖြစ် လာ သူ့ အ ဖို့ ငါ ထား ခဲ့ ရ မည် ဖြစ် သော ကြောင့်၊ ထို အ မှု အ ရာ ကိုစက် ဆုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုမှတစ်ပါး၊ ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။ အခန်းကိုကြည့်ပါ။ |
နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။