အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဒေသနာကျမ်း။ 2:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ငါ​သည် အသက်ရှင်​ရ​ခြင်း​ကို​မုန်း​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင်​ပြု​သော​အမှု​သည် ငါ့​အတွက် ငြီးငွေ့ဖွယ်​ကောင်း​၏​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ နှင့် အ ညီ၊ နေ အောက် တွင် ပြု လုပ် သ မျှ သော အ မှု အ ရာ သည်၊ ငါ၌ ဆိုး ယုတ် သော ကြောင့်၊ အ သက် ရှင် ခြင်း ကို ငါ စက် ဆုပ်၏။ အ လုံး စုံ သည် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။



ဒေသနာကျမ်း။ 2:17
20 ပူးပေါင်းရင်းမြစ်များ  

တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။


အကျွန်ုပ်​၏​အသက်တာ​သည် မည်မျှ​တိုတောင်း​သည်​ကို​လည်းကောင်း​၊ လူသား​အပေါင်း​တို့​ကို အချည်းနှီး​သော​အရာ​အဖြစ် ဖန်ဆင်း​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း သတိရ​တော်မူ​ပါ​။


နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။


သို့သော် ငါ့​လက်​ဖြင့်​ပြု​ခဲ့​သော​အမှု​အားလုံး​တို့​ကို​လည်းကောင်း​၊ ထို​အမှု​တို့​ကို​ပြုလုပ်​ရန် ငါ​ကြိုးပမ်းအားထုတ်​ခဲ့​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​ကို​လည်းကောင်း ငါ​ပြန်​၍​ဆန်းစစ်​သောအခါ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ နေ​အောက်​တွင် အကျိုး​ဖြစ်စေ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။


လူ​သည် နေ​အောက်​တွင်​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက်​လည်းကောင်း​၊ သူ​၏​စိတ်နှလုံး​စွဲလမ်းသောအရာ​များ​အတွက်​လည်းကောင်း မည်သည့်​အရာ​ကို​ရရှိ​သနည်း​။


တစ်ဖန် နေ​အောက်​တွင် တရားစီရင်​ခြင်း​နှင့်ဆိုင်သော​အရပ်​၌ ဆိုးယုတ်ခြင်း​ရှိ​ကြောင်း​နှင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​အရပ်​၌​လည်း ဆိုးယုတ်ခြင်း​ရှိ​ကြောင်း ငါ​တွေ့မြင်​၏​။


ထို့ကြောင့် အသက်ရှင်​နေ​သေး​သော​လူရှင်​တို့​ထက် သေ​လွန်​ပြီး​သော​လူသေ​တို့​ကို ငါ​ထောမနာပြု​၏​။


သို့ရာတွင် လူ​ဖြစ်​မ​လာ​သေး​သော​သူ​၊ နေ​အောက်​တွင်​ပြု​သော​မကောင်းမှု​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​တို့​ထက်​ပို၍​ကောင်း​၏​။


မျက်စိ​ဖြင့်​မြင်​ရ​ခြင်း​သည် စိတ်ကူးယဉ်​နေ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။


ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။


အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​အား ဤသို့​ပြု​တော်မူ​မည်​ဆိုလျှင် ယခုပင် အကျွန်ုပ်​ကို ကွပ်မျက်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်မှောက်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​နှင့် မ​ကြုံတွေ့​ပါရစေ​နှင့်​”​ဟု လျှောက်ဆို​လေ​၏​။