ယေဇကျေလ 3:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ဝိ ညာဉ် တော် ချီ မ ဆောင် သွား ရာ၊ နစ် နာ ပူ ပန် ခြင်း စိတ် ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား၏ လက် တော် ကိုင် ဆွဲ သ ဖြင့် လိုက် သွား လျက်၊ အခန်းကိုကြည့်ပါ။Judson Bible14 ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့် လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံစွာတင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။