ဒေသနာကျမ်း။ 2:17 - Common Language Bible17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 သို့ နှင့် အ ညီ၊ နေ အောက် တွင် ပြု လုပ် သ မျှ သော အ မှု အ ရာ သည်၊ ငါ၌ ဆိုး ယုတ် သော ကြောင့်၊ အ သက် ရှင် ခြင်း ကို ငါ စက် ဆုပ်၏။ အ လုံး စုံ သည် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။