သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
ထွက်မြောက် 39:41 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။ Common Language Bible သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။- Garrad Bible သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် ရန် ဖွတ် မြီး ထိုး အ ဝတ်၊ ပ ရော ဟိတ် အ ဖြစ် ဆောင် ရွက် ကြ စေ ရန် ပ ရော ဟိတ် အာ ရုန့် အ ဖို့ သန့် ရှင်း သော သင်္ကန်း စုံ နှင့် သား တို့ သင်္ကန်း ကို လည်း ကောင်း၊ မော ရှေ့ ထံ ဆောင် သွင်း ကြ၏။ Judson Bible သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်၊ သူ၏သား ဝတ်ရသောအဝတ်ကိုလည်းကောင်း |
သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထားရမည်။
အာရုန်၏သားများ ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူတို့အတွက် အတွင်းသင်တိုင်းများ၊ ခါးစည်းများ၊ ခေါင်းပေါင်းများကို ချုပ်လုပ်ပေးရမည်။
ယဇ်ပုရောဟိတ်အာရုန်အတွက်ရက်ထည်အဝတ်တန်ဆာ၊ သန့်ရှင်းသောအဝတ်တန်ဆာနှင့် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာကိုလည်းကောင်း၊
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းတံခါး၏လိုက်ကာကိုလည်းကောင်း၊ ဝင်းအတွက်ကြိုးများနှင့်ငုတ်တိုင်များကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်၏အမှုတော်နှင့်ဆိုင်သည့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။