Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 39:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်းရာတဲ​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​ဖို့ ရက်ထည်​ဝတ်ရုံ​ကို အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​၏​။ အာရုန်​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​လည်း ရက်လုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် စေ ခြင်း ငှါ ဖွတ် မြီး ထိုး အ ဝတ် ကို လည်း ကောင်း၊ အာ ရုန် ဝတ် ရုံ ရန် သန့် ရှင်း သော သင်္ကန်း စုံ ကို လည်း ကောင်း၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် များ နှင့် ရက် လုပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ၊ ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့် လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:1
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။


အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊


ထို့ပြင် သင်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ရွက်ထည်​ဆယ်​ထည်​ဖြင့် လုပ်​ရ​မည်​။ ထို​ရွက်ထည်​တို့​သည် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြစ်​ရ​မည်​။ ထို​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်​ရုပ်​များ​ကို လက်ရာမြောက်​စွာ ပုံဖော်​ထား​ရ​မည်​။


သူ​တို့​သည် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​နှင့် ပိတ်ချောထည် တို့​ကို​အသုံးပြု​ရ​မည်​။


ယဇ်ပုရောဟိတ်​အာရုန်​အတွက်​ရက်ထည်​အဝတ်တန်ဆာ​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​နှင့် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​ကို​လည်းကောင်း​၊


သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း​လုပ်​ကြ​စေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​နှင့် တဟာရှ​သားရေ​တို့​ရှိ​သော​သူ​တိုင်း ၎င်း​တို့​ကို​ယူဆောင်​လာ​ကြ​၏​။


ဝင်း​ပတ်ပတ်လည်​အတွက် အောက်ခံအစွပ်​နှင့် ဝင်း​တံခါး​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ငုတ်တိုင်​ရှိသမျှ​နှင့် ဝင်း​ပတ်ပတ်လည်​၏​ငုတ်တိုင်​ရှိသမျှ​ကို​လည်းကောင်း လုပ်​၏​။


သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် ထို​သန့်ရှင်းသောနေရာ​ထဲသို့​ဝင်​ပြီး အပြင်​ဝင်း​သို့ ပြန်ထွက်​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​တို့​ကို ချွတ်​ထား​ခဲ့​ရ​မည်​။ မ​ချွတ်​ထား​ခဲ့​ဘဲ ထွက်​မ​လာ​ရ​။ အကြောင်းမှာ ထို​အဝတ်​တို့​သည် သန့်ရှင်း​၏​။ အဝတ်​လဲ​ပြီးမှ လူ​အများ​ရှိ​ရာ​သို့ သွား​ရ​၏”​ဟု ဆို​၏​။


ဤကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက် ဖြစ်​၏​။ တောင်​ထိပ်​တစ်ခုလုံး​သည် အထူး​သန့်ရှင်းရာနေရာ​ဖြစ်​၏​။ ဤသည်ကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက်​ဖြစ်​၏​။


ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။


ယဇ်ပုရောဟိတ်​မင်း​သည် ကိုယ့်​သွေး​မ​ဟုတ်​သော​သွေး​ဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်း​ရာ​ဌာန​ထဲသို့​ဝင်​သကဲ့သို့ ကိုယ်တော်​သည် မိမိကိုယ်ကို​အကြိမ်ကြိမ်​ပူဇော်​ရန်​မ​လို​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ