ကိုယ်တော်၏သက်သေခံချက်တို့သည် အပြည့်အဝယုံကြည်စိတ်ချရပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းခြင်းသည် ကိုယ်တော်၏ အိမ်တော်ကို အစဉ်အမြဲတင့်တယ်စေပါ၏။
ထွက်မြောက် 39:1 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။ Common Language Bible သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။ Garrad Bible သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် စေ ခြင်း ငှါ ဖွတ် မြီး ထိုး အ ဝတ် ကို လည်း ကောင်း၊ အာ ရုန် ဝတ် ရုံ ရန် သန့် ရှင်း သော သင်္ကန်း စုံ ကို လည်း ကောင်း၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် များ နှင့် ရက် လုပ် လေ ၏။ Judson Bible သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကိုလည်းကောင်း၊ အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။ |
ကိုယ်တော်၏သက်သေခံချက်တို့သည် အပြည့်အဝယုံကြည်စိတ်ချရပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းခြင်းသည် ကိုယ်တော်၏ အိမ်တော်ကို အစဉ်အမြဲတင့်တယ်စေပါ၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
သူတို့သည် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည် တို့ကိုအသုံးပြုရမည်။
ယဇ်ပုရောဟိတ်အာရုန်အတွက်ရက်ထည်အဝတ်တန်ဆာ၊ သန့်ရှင်းသောအဝတ်တန်ဆာနှင့် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာကိုလည်းကောင်း၊
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်းလုပ်ကြစေ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားသောသိုးထီးသားရေနှင့် တဟာရှသားရေတို့ရှိသောသူတိုင်း ၎င်းတို့ကိုယူဆောင်လာကြ၏။
ဝင်းပတ်ပတ်လည်အတွက် အောက်ခံအစွပ်နှင့် ဝင်းတံခါးအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏ငုတ်တိုင်ရှိသမျှနှင့် ဝင်းပတ်ပတ်လည်၏ငုတ်တိုင်ရှိသမျှကိုလည်းကောင်း လုပ်၏။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
ယဇ်ပုရောဟိတ်တို့သည် ထိုသန့်ရှင်းသောနေရာထဲသို့ဝင်ပြီး အပြင်ဝင်းသို့ ပြန်ထွက်သောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်တို့ကို ချွတ်ထားခဲ့ရမည်။ မချွတ်ထားခဲ့ဘဲ ထွက်မလာရ။ အကြောင်းမှာ ထိုအဝတ်တို့သည် သန့်ရှင်း၏။ အဝတ်လဲပြီးမှ လူအများရှိရာသို့ သွားရ၏”ဟု ဆို၏။
ဤကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက် ဖြစ်၏။ တောင်ထိပ်တစ်ခုလုံးသည် အထူးသန့်ရှင်းရာနေရာဖြစ်၏။ ဤသည်ကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက်ဖြစ်၏။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
ယဇ်ပုရောဟိတ်မင်းသည် ကိုယ့်သွေးမဟုတ်သောသွေးဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရာဌာနထဲသို့ဝင်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကိုအကြိမ်ကြိမ်ပူဇော်ရန်မလိုပေ။