ထွက်မြောက် 39:41 - မြန်မာ့စံမီသမ္မာကျမ်း41 သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible41 သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible41 သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် ရန် ဖွတ် မြီး ထိုး အ ဝတ်၊ ပ ရော ဟိတ် အ ဖြစ် ဆောင် ရွက် ကြ စေ ရန် ပ ရော ဟိတ် အာ ရုန့် အ ဖို့ သန့် ရှင်း သော သင်္ကန်း စုံ နှင့် သား တို့ သင်္ကန်း ကို လည်း ကောင်း၊ မော ရှေ့ ထံ ဆောင် သွင်း ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible41 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်၊ သူ၏သား ဝတ်ရသောအဝတ်ကိုလည်းကောင်း အခန်းကိုကြည့်ပါ။ |
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းတံခါး၏လိုက်ကာကိုလည်းကောင်း၊ ဝင်းအတွက်ကြိုးများနှင့်ငုတ်တိုင်များကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်၏အမှုတော်နှင့်ဆိုင်သည့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊