ထွက်မြောက် 39:1 - Common Language Bible1 သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် စေ ခြင်း ငှါ ဖွတ် မြီး ထိုး အ ဝတ် ကို လည်း ကောင်း၊ အာ ရုန် ဝတ် ရုံ ရန် သန့် ရှင်း သော သင်္ကန်း စုံ ကို လည်း ကောင်း၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် များ နှင့် ရက် လုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကိုလည်းကောင်း၊ အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။