ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ထွက်မြောက် 37:17 - မြန်မာ့စံမီသမ္မာကျမ်း ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။ Common Language Bible သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။- Garrad Bible မီး ခုံ တော် ကို လည်း ရွှေ စင် နှင့် လုပ်၍ ခြေ၊ တိုင် အ စ ရှိ သော ပန်း၊ ပွင့် ပတ်၊ ပွင့် ချပ် များ ကို တစ် ဆက် တည်း ထု လုပ် လေ ၏။ Judson Bible မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုလေ၏။ |
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
စားပွဲနှင့် ထိုစားပွဲ၏တန်ဆာပလာများကိုလည်းကောင်း၊ ရွှေစင်ဆီမီးခုံနှင့် ထိုဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊
ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။
ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်၏။
အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ရွှေစင်ဆီမီးခုံပေါ်တွင် အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။
ငါကလည်း “ဆီမီးခုံ၏လက်ယာဘက်နှင့်လက်ဝဲဘက်ရှိ သံလွင်ပင်နှစ်ပင်ကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်၏။
ငါ့အား “သင်မည်သည့်အရာကို မြင်သနည်း”ဟု မေးသော် ငါကလည်း “ထိပ်တွင် ဖလားတစ်ခုပါပြီး ရွှေအတိဖြစ်သောဆီမီးခုံကို မြင်ရပါ၏။ ထိုဆီမီးခုံတွင် အလက်ခုနစ်ခုပါ၏။ ထိုအလက်များထိပ်တွင် မီးခွက် ခုနစ်ခုပါရှိ၏။
ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။
ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်