Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 37:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် လင်ပန်း​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​၊ ကရား​များ စသည့်​စားပွဲ​ပေါ်​တင်ထား​ရ​မည့်​အသုံးအဆောင်​များ​ကို ရွှေ​စင်​ဖြင့် လုပ်ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 စား ပွဲ တော် ပေါ် ရှိ အ သုံး အ ဆောင် တည်း ဟူ သော လင် ပန်း၊ ခွက်၊ ဖ လား၊ သွန်း လောင်း ရန် တ ကောင်း များ ကို ရွှေ စင် နှင့် လုပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 စား​ပွဲ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့် လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 37:16
8 ပူးပေါင်းရင်းမြစ်များ  

ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။


သို့သော် ထာဝရဘုရား​၏​အိမ်​တော်​အတွက် ငွေ​ဇလုံ​များ​၊ မီးညှပ်​များ​၊ အင်တုံ​များ​၊ တံပိုးခရာ​များ​၊ ရွှေထည်​ငွေထည်​ပစ္စည်း​များ စသည်​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​များ​ဖြင့် မ​ပြုလုပ်​ပေ​။


ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် စားပွဲ​အတွက် လင်ပန်း​များ​၊ ခွက်​များ​၊ ကရား​များ​၊ ပန်းကန်လုံး​များ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။


အကေရှား​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။ ထို​ထမ်းပိုး​များ​ဖြင့် စားပွဲ​ကို​ထမ်း​၏​။


ရွှေ​စင်​ဖြင့်​ဆီမီးခုံ​ကို လုပ်​၏​။ ဆီမီးခုံတိုင်​၊ ဆီမီးခုံ​၏​အလက်​၊ ခွက်​များ​၊ ပွင့်ဖတ်အုံ​များ​၊ ပွင့်ဖတ်​များ​ကို တစ်သားတည်း​ဖြစ်​အောင် ထုလုပ်​၏​။


သူ​၏​ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊


ကြီးမား​သော​အိမ်​၌ ရွှေ​ငွေ​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​သာမက သစ်သား​နှင့်​မြေကြီး​တို့​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​လည်း​ရှိ​၍ အချို့​တို့​ကို အသရေ​ရှိ​သော​အရာ​အတွက်​သုံး​လျက် အချို့​တို့​ကို အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ