ထွက်မြောက် 37:17 - Common Language Bible17 သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible17 မီး ခုံ တော် ကို လည်း ရွှေ စင် နှင့် လုပ်၍ ခြေ၊ တိုင် အ စ ရှိ သော ပန်း၊ ပွင့် ပတ်၊ ပွင့် ချပ် များ ကို တစ် ဆက် တည်း ထု လုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။ အခန်းကိုကြည့်ပါ။ |
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-