ထိုအရာကို အစ္စရေးအမျိုးသားတို့တွေ့မြင်သောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် “မည်သည့်အရာနည်း”ဟု အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ မောရှေက “ဤအရာသည် သင်တို့ စားဖို့ ထာဝရဘုရားပေးတော်မူသောမုန့်ဖြစ်၏။
ထွက်မြောက် 34:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာ၏။ တောင်ပေါ်မှ ဆင်းလာသောအခါ မောရှေ၏လက်ထဲ၌ သက်သေခံချက်ကျောက်ပြားနှစ်ချပ်ပါ၏။ မောရှေသည် ထာဝရဘုရားနှင့်စကားပြောခဲ့ရသဖြင့် သူ၏မျက်နှာထွန်းပသည်ကို သူမသိ။ Common Language Bible မောရှေသည်ပဋိညာဉ်ကျောက်ပြားနှစ်ချပ် ကိုယူဆောင်၍ တောင်ပေါ်မှဆင်းလာသောအခါ၊ သူသည်ထာဝရဘုရားနှင့်စကားပြောခဲ့ရ သဖြင့်သူ၏မျက်နှာတောက်ပလျက်ရှိ၏။ သို့ ရာတွင်သူကိုယ်တိုင်မသိ။- Garrad Bible သက် သေ တော် ကျောက် နှစ် ပြား ကို ကိုင် ယူ လျက် သိ နာ တောင် ပေါ် မှ မော ရှေ ဆင်း သက် ရောက် လာ သော အ ခါ ဘု ရား သ ခင် အား လျှောက် တင် ရ သ ဖြင့် မျက် နှာ အ ရေ အ ရောင် ထွက် ကြောင်း ကိုယ် တိုင် မ သိ ချေ။ Judson Bible မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။ |
ထိုအရာကို အစ္စရေးအမျိုးသားတို့တွေ့မြင်သောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် “မည်သည့်အရာနည်း”ဟု အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ မောရှေက “ဤအရာသည် သင်တို့ စားဖို့ ထာဝရဘုရားပေးတော်မူသောမုန့်ဖြစ်၏။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
မောရှေသည် သူ၏လက်ထဲ၌ ဟိုဘက်၊ သည်ဘက် မျက်နှာပြင်နှစ်ဖက်စလုံး အက္ခရာတင်ထားသည့်သက်သေခံချက်ကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် လှည့်၍ တောင်ပေါ်မှဆင်းသွားလေ၏။
မောရှေ၏မျက်နှာထွန်းပနေသည်ကို အစ္စရေးအမျိုးသားတို့မြင်ရ၏။ ထို့ကြောင့် မောရှေသည် ကိုယ်တော့်ထံဝင်၍ ကိုယ်တော်နှင့်စကားမပြောမီအချိန်အထိ မိမိမျက်နှာကို မျက်နှာဖုံးဖြင့် ပြန်၍ဖုံးအုပ်ထား၏။
မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။
သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။
ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။
သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။
ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်တကယ်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။
ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
တရားလွှတ်တော်၌ ထိုင်နေသောသူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်လျှင် သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်ကို တွေ့မြင်ရကြ၏။
မောရှေသည် မှေးမှိန်သွားသောအရာ၏အဆုံးကို အစ္စရေးအမျိုးသားတို့အား စေ့စေ့မကြည့်ရစေရန် မိမိမျက်နှာကို မျက်နှာလွှားဖြင့်ဖုံးအုပ်ထားသကဲ့သို့ ငါတို့မပြုကြချေ။
ထို့နောက် ငါသည် တောင်ပေါ်မှလှည့်၍ဆင်းလာပြီး ထိုကျောက်ပြားတို့ကို ငါပြုလုပ်ထားသောသေတ္တာထဲတွင် ထည့်ထား၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုကျောက်ပြားတို့သည် သေတ္တာထဲတွင် ရှိနေ၏။
ရာခပ်သည် ထိုသူနှစ်ယောက်ကို ဝှက်ထားနှင့်ပြီးဖြစ်၍ မင်းမှုထမ်းတို့အား “ထိုသူတို့သည် ကျွန်မထံသို့ရောက်လာကြသည်မှာ မှန်ပါ၏။ သို့ရာတွင် သူတို့ အဘယ်ကလာကြသည်ကို ကျွန်မ မသိပါ။
ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။