ထွက်မြောက် 34:29 - Common Language Bible29 မောရှေသည်ပဋိညာဉ်ကျောက်ပြားနှစ်ချပ် ကိုယူဆောင်၍ တောင်ပေါ်မှဆင်းလာသောအခါ၊ သူသည်ထာဝရဘုရားနှင့်စကားပြောခဲ့ရ သဖြင့်သူ၏မျက်နှာတောက်ပလျက်ရှိ၏။ သို့ ရာတွင်သူကိုယ်တိုင်မသိ။- အခန်းကိုကြည့်ပါ။Garrad Bible29 သက် သေ တော် ကျောက် နှစ် ပြား ကို ကိုင် ယူ လျက် သိ နာ တောင် ပေါ် မှ မော ရှေ ဆင်း သက် ရောက် လာ သော အ ခါ ဘု ရား သ ခင် အား လျှောက် တင် ရ သ ဖြင့် မျက် နှာ အ ရေ အ ရောင် ထွက် ကြောင်း ကိုယ် တိုင် မ သိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible29 မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထို့နောက် မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာ၏။ တောင်ပေါ်မှ ဆင်းလာသောအခါ မောရှေ၏လက်ထဲ၌ သက်သေခံချက်ကျောက်ပြားနှစ်ချပ်ပါ၏။ မောရှေသည် ထာဝရဘုရားနှင့်စကားပြောခဲ့ရသဖြင့် သူ၏မျက်နှာထွန်းပသည်ကို သူမသိ။ အခန်းကိုကြည့်ပါ။ |
ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-