ယောရှု 8:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။ အခန်းကိုကြည့်ပါ။Common Language Bible14 အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခြင်း အ ရာ ကို အာ ဣ ဘု ရင် သိ မြင် လျှင်၊ ဘက် ပါ မြို့ သား အ ပေါင်း တို့ နှင့် တ ကွ အ သော့ ထ ၍၊ မြို့ နောက် ဖေး ၌ တပ် ပုန်း ချ သည် ကို မ သိ ဘဲ ဣ သ ရေ လ တပ် ကို တိုက် ခိုက် ရန် စီ မံ ထား သော အ ရာ ဗာ ချိုင့် သို့ ချီ ထွက် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည်မြင်လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင်အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှာ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက်မှာ ကင်းတပ်ရှိမှန်းကိုမသိ။ အခန်းကိုကြည့်ပါ။ |