အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 29:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သိုးသငယ်​တစ်​ကောင်​ကို ညှစ်ယူ​သော​သံလွင်ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​နှင့်​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​လည်းကောင်း ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထောင်း ညှပ်၍ ရ သော ဆီ တစ် ပိဿာ ရော ပြီး မုန့် ညက် တစ် စ ရွတ် ကို လည်း ကောင်း၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ် စ ပျစ် ရည် တစ် ပိဿာ ကို လည်း ကောင်း၊ ပူ ဇော် လော့။

အခန်းကိုကြည့်ပါ။

Judson Bible

သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 29:40
34 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၌ ကျောက်တိုင်​တစ်​တိုင်​ကို စိုက်ထူ​လေ​၏​။ သူ​သည် ၎င်း​အပေါ်​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၍ ဆီ​ကို​လည်း​လောင်း​၏​။


နံနက်​ယဇ်ပူဇော်​ချိန်​ရောက်​သောအခါ ဧဒုံ​လမ်း​များ​မှ ရေ​များ​စီးဆင်း​လျက်​ရှိ​ပြီး ဧဒုံ​ပြည်​တစ်ပြည်လုံး​သည် ရေ​များ​နှင့်​ပြည့်​လေ​၏​။


(​တစ်​ဩမဲ​ကား တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ဖြစ်​၏​။​)


သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​၌ ပူဇော်​၍ နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။


နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။ ၎င်း​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


ကရဝေး​ငါး​ရာ​ရှယ်ကယ်​နှင့် သံလွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍


လျှိုမြောင်​ထဲမှ​ချော​သော​ကျောက်​များ​ထဲတွင် သင်​၏​ဝေစု​ရှိ​၏​။ ထို​ကျောက်​တို့​သည် သင်​၏​ပေါက်မဲ​ဖြစ်​၏​။ အကယ်စင်စစ် သင်​သည် ထို​ကျောက်​တို့​အား သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ဤ​သည်​ကို ငါ​လိုက်လျော​ရ​မည်လော​။


သူ​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ထို​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​သောအခါ သူ​တို့​သည် ကုန်းမြင့်​များ​၊ စိမ်းလန်း​သော​သစ်ပင်​များ​ကို မြင်​လျှင် ထို​နေရာ​တို့​၌ ယဇ်ပူဇော်​၍ ငါ့​အမျက်​ကို​နှိုးဆော်​သော ပူဇော်သက္ကာ​ကို ပူဇော်​ကြ​၏​။ မွှေးကြိုင်​သော​နံ့သာပေါင်း​ကို​လည်း တင်လှူ​၍ သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်း သွန်းလောင်း​ပူဇော်​ကြ​၏​။


ရေ​ကို​လည်း​ချင့်​ပြီး တစ်နေ့​လျှင် တစ်​ဟိန်​၏​ခြောက်​ပုံ​တစ်​ပုံ​သောက်​ရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​တွင် သောက်​ရ​မည်​။


မင်းသား​သည် ပွဲတော်​နေ့​၊ လဆန်းနေ့​၊ ဥပုသ်နေ့​မှစ၍ အစ္စရေး​အမျိုးသား​တို့ တွေ့ဆုံစည်းဝေးရာ​အချိန်​တို့​တွင် မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်​တို့​ကို ဆက်သ​ရန်​တာဝန်​ရှိ​သည်​။ အစ္စရေး​အမျိုးသား​တို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် အပြစ်ဖြေရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ဆက်သ​ရ​မည်​။


နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​နှင့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်​ပါဝင်​သော ဘောဇဉ်ပူဇော်သက္ကာ​ကို စီစဉ်​ပေး​ရ​မည်​။


ပွဲတော်​အချိန်​၊ တွေ့ဆုံစည်းဝေး​ရ​သော​အချိန်​တို့​တွင် ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တတ်နိုင်​သလောက်​၊ ဂျုံမှုန့်​တစ်​ဧဖာ​စီ​အတွက် ဆီ​တစ်​ဟိန်​စီ စီစဉ်​ပေး​ရ​မည်​။


ထို​သိုးသငယ်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ခြောက်ပုံတစ်ပုံ​နှင့် အကောင်းဆုံး​ဂျုံမှုန့်​နှင့်​နယ်​ရန် ဆီ​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​ကို နံနက်တိုင်း စီစဉ်​ပေး​ရ​မည်​။ ဤသည်မှာ ထာဝရဘုရား​ထံ ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။


ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​ခြောက်​ကောင်​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်​ကို​လည်း ယူဆောင်​လာ​ရ​မည်​။


ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်​ကို စီစဉ်​ပေး​ရ​မည်​။


သူ​တို့​သည် စပျစ်ဝိုင်​ကို ထာဝရဘုရား​ထံ သွန်းလောင်း​ပူဇော်​ရ​မည်​မ​ဟုတ်​။ သူ​တို့​၏​ပူဇော်သက္ကာ​တို့​ကို​လည်း ကိုယ်တော်​လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ထို​ပူဇော်သက္ကာ​သည် သူ​တို့​အဖို့ အသုဘ​အစာ​ကဲ့သို့ ဖြစ်​၏​။ စား​သော​သူ​အားလုံး ညစ်ညူး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အကယ်စင်စစ် ထို​အစာ​သည် သူ​တို့​စား​ဖို့​သာ ဖြစ်​၏​။ ထာဝရဘုရား​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။


အို ယဇ်ပုရောဟိတ်​တို့​၊ လျှော်တေအဝတ်​ကို​ဝတ်​၍ မြည်တမ်း​ကြ​လော့​။ ယဇ်ပလ္လင်​၏​အမှုထမ်း​တို့​၊ ညည်းတွား​ကြ​လော့​။ ငါ​၏​ဘုရားသခင်​အမှု​တော်​ကို​ထမ်းဆောင်​သော​သူ​တို့​၊ လာ​ကြ​။ တစ်ညလုံး လျှော်တေအဝတ်​ကို​ဝတ်အိပ်​ကြ​လော့​။ အကြောင်းမူကား သင်​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့ ကုန်ခန်း​လေ​ပြီ​။


ထာဝရဘုရား​၏​အိမ်​တော်​တွင် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့ ပြတ်​လေ​ပြီ​။ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​တို့​လည်း ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် စိတ်​တော်​ပြေ​၍ ကိုယ်တော်​အား ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ပူဇော်​ခွင့်​ကောင်းချီး​ကို ချန်ထား​ပေး​မည်​၊ မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​။


ထို​ယဇ်​နှင့်အတူ ပူဇော်​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ဖြစ်​ရ​မည်​။ ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။ ထို​ယဇ်​နှင့်အတူ ပူဇော်​သော​သွန်းလောင်းရာပူဇော်သက္ကာ​သည်​လည်း စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ဖြစ်​ရ​မည်​။


ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ အစဉ်မပြတ် တောက်လောင်​လျက်​နေ​စေ​ရ​မည်​။


လူမမြင်ကွယ်ရာ​တွင် မရည်ရွယ်​ဘဲ​ကျူးလွန်​မိ​မည်​ဆိုလျှင် လူထု​အပေါင်း​တို့​သည် စီရင်ထုံးဖွဲ့ချက်​နှင့်အညီ မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားထီးပျို​တစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​နှင့်အတူ ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။


သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​ကို​လည်းကောင်း မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


ဤသည်ကား ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ဥပုသ်နေ့​တိုင်း​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။


ထိုနည်းတူ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။


ထောင်းယူ​သော​သံလွင်ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။


ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။


ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဧလာဇာ​သည် မီးထွန်း​ရန်​အတွက်​ဆီ​၊ အမွှေးနံ့သာပေါင်း​၊ နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​နှင့် ဘိသိက်​ဆီ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​။ ထို့ပြင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်ခုလုံး​၊ ထို​တဲ​တော်​ထဲ​ရှိ သန့်ရှင်းသောအရာ​နှင့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​ဘုရား​တို့​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​၏​အဆီ​ကို​စား​၍ သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​စပျစ်ဝိုင်​ကို​သောက်​ကြ​၏​။ ထို​ဘုရား​တို့​သည် သင်​တို့​ကို ထ​၍​ကူညီမစ​ပါလေစေ​။ သင်​တို့​ကို ကွယ်ကာ​ပါလေစေ​။


ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။