၄ ရာ 3:20 - မြန်မာ့စံမီသမ္မာကျမ်း20 နံနက်ယဇ်ပူဇော်ချိန်ရောက်သောအခါ ဧဒုံလမ်းများမှ ရေများစီးဆင်းလျက်ရှိပြီး ဧဒုံပြည်တစ်ပြည်လုံးသည် ရေများနှင့်ပြည့်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 နံ နက် ပူ ဇော် ချိန် ခန့် တွင် ဧ ဒုံ ပြည် မှ စိမ့် ထွက် သော ရေ သည် အ နှံ့ ပြည့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 နံနက်အချိန် ဘောဇဉ်ပူဇော်သကာကို ပူဇော်သောအခါ၊ ရေသည်ဧဒုံလမ်းဖြင့်လာ၍ တစ်ပြည်လုံးကို လွှမ်းလေ၏။ အခန်းကိုကြည့်ပါ။ |
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။