ယေဇကျေလ 46:11 - မြန်မာ့စံမီသမ္မာကျမ်း11 ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible11 အ ထက် နည်း အ တိုင်း ပူ ဇော် ပွဲ၊ ပြု မြဲ ပွဲ များ၌ ဘော ဇဉ် သ က္ကာ မှာ၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ နွား၊ သိုး ထီး ဆိုင် ရာ၊ မုန့် ညက် တစ် တင်း စီ၊ သိုး သား ငယ် များ ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။ အခန်းကိုကြည့်ပါ။Judson Bible11 ပွဲခံ၍ ပရိသတ်စည်းဝေးရာကာလ၌ ဘောဇဉ်ပူဇော်သကာဖို့၊ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။