ယောလ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible14 သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ကိုယ် တော် လည်း၊ ပြန် ကြွ လျက် စိတ် တော် ပြောင်း လဲ၍ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့၊ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ် မင်္ဂ လာ ဆု ချ ထား တော် မူ မည် မ မူ မည် ကို၊ မည် သူ သိ နိုင် သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည် မမူမည်ကို အဘယ်သူသိနိုင်သနည်း။ အခန်းကိုကြည့်ပါ။ |
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။