ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ထွက်မြောက် 29:26 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ထိုရင်ပုံကိုချီလွှဲရမည်။ ၎င်းသည် သင်၏ဝေစုဖြစ်၏။ Common Language Bible ``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။ Garrad Bible အာ ရုန် အား ခန့် ထား ခြင်း ဆိုင် ရာ သိုး မှ ကိုယ့် ပိုင် စု ရင် ထူး ကို ယူ၍ ငါ ထာ ဝ ရ ဘုရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း များ ကို ပြု လော့။ Judson Bible အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဖို့ ဖြစ်ရမည်။ |
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။
အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။
မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။