ထွက်မြောက် 29:27 - မြန်မာ့စံမီသမ္မာကျမ်း27 အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible27 အာ ရုန် နှင့် သား တို့ အား ခန့် ထား ခြင်း ဆိုင် ရာ သိုး၏ ရင် ထူး ဖြစ် သော ဦး တိုက် ရာ အ လှူ၊ ပေါင် ဖြစ် သော မြှောက် ဆက် ရာ အ လှူ များ ကို သီး သန့် ထား ပြီး မှ၊ အခန်းကိုကြည့်ပါ။Judson Bible27 ထိုသို့ အာရုန်နှင့်သားတို့၏အရာ၌ ခန့်ထားသောသိုးထဲက၊ ချီလွှဲသော ပူဇော်သကာပြု၍၊ ချီလွှဲသောရင်ပတ်ကိုလည်းကောင်း၊ ချီမြှောက်သောပူဇော်သကာပြု၍၊ ချီမြှောက်သောပခုံးကိုလည်းကောင်း သန့်ရှင်းစေပြီးမှ၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။