Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 29:26 - Common Language Bible

26 ``ထို​သိုး​၏​ရင်​ပုံ​သား​ကို​ယူ​၍ အ​ထူး​ပူ ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက်​သ​ရ​မည်။ ဤ​ရင်​ပုံ​သား​သည်​သင့်​အ​တွက်​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 အာ ရုန် အား ခန့် ထား ခြင်း ဆိုင် ရာ သိုး မှ ကိုယ့် ပိုင် စု ရင် ထူး ကို ယူ၍ ငါ ထာ ဝ ရ ဘုရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း များ ကို ပြု လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အာ​ရုန်၏​အ​ရာ၌​ခန့်​ထား​ရာ သိုး၏​ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ပြီး​မှ၊ သိုး၏​ရင်​ပတ်​သည် သင်၏​အ​ဖို့ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အာရုန်​အား အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​၏​ရင်ပုံ​ကို​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထို​ရင်ပုံ​ကို​ချီလွှဲ​ရ​မည်​။ ၎င်း​သည် သင်​၏​ဝေစု​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 29:26
8 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။


``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-


ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-


မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ် တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ သို့​ရာ​တွင်​ရင်​ပုံ​သား သည် ယဇ်​ပု​ရော​ဟိတ်​များ​စား​သုံး​ရန်​အ​တွက် ဖြစ်​သည်။-


ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-


ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။


သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ