ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
ထွက်မြောက် 28:9 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မဟူရာကြောင်ဝင်ကျောက်နှစ်လုံးကိုလည်းယူ၍ ထိုကျောက်နှစ်လုံးပေါ်၌ အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းထိုးရမည်။ Common Language Bible မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။- Garrad Bible မ ဟူ ရာ ကျောက် နှစ် လုံး ကို ယူ၍ ဣ သ ရေ လ၏ သား တို့ အ မည် များ ကို ကြီး ငယ် အ လိုက် ကျောက် နှစ် လုံး တွင် တစ် လုံး လျှင် ခြောက် ခု စီ ရေး တင် လော့။ တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ဣ သ ရေ လ၏ သား တို့ အ မည် များ ကို ထို ကျောက် နှစ် လုံး အ ပေါ် တွင် ကျောက် စာ ထု အ တတ် ဖြင့် ရေး တင် ၍၊ Judson Bible ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတစ်ဆယ်နှစ်မျိုးကို၊ |
ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
ထို့ကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်တို့ကို သွန်းလုပ်တတ်သူ၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊ အပြာရောင်ရှိသောချည်တို့ကို ရက်လုပ်တတ်သူ၊ ကမ္ပည်းစာရေးထိုးရာ၌ ကျွမ်းကျင်သူတစ်ဦးကို အကျွန်ုပ်ထံ စေလွှတ်ပေးပါ။ သူ့ကို ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်၏ခမည်းတော်ပြင်ဆင်ပေးထားသော လက်မှုပညာသည်တို့နှင့်အတူ အလုပ်လုပ်စေမည်။
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ခြောက်ယောက်၏အမည်ကို ပထမကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း၊ ကျန်ခြောက်ယောက်၏အမည်ကို ဒုတိယကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း ကြီးစဉ်ငယ်လိုက်ကမ္ပည်းထိုးရမည်။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်ရမည်။ ၎င်းတို့ကို ခြယ်လှယ်ထားသောရွှေကျောက်မျက်အိုးထဲ၌ ထားရှိရမည်။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်ရမည်။
ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မဟူရာကြောင်ဝင်ကျောက်ကိုသွေး၍ ကမ္ပည်းတံဆိပ်အဖြစ် အစ္စရေး၏သားတို့အမည်ကို ကမ္ပည်းထိုးပြီး ရွှေကျောက်မျက်အိုး၌ ထည့်ထား၏။
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
ငါသည် သင့်ကို ငါ၏လက်ဖဝါးပေါ်တွင် ရေးထိုးထားပြီ။ သင်၏မြို့ရိုးတို့သည် ငါ့ရှေ့မှောက်၌ အစဉ်ရှိ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ထိုနေ့ရက်၌ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်ကို သိုးစုသဖွယ်ကယ်တင်လိမ့်မည်။ သူတို့သည် ကျောက်မျက်သရဖူကဲ့သို့ ပြည်တော်၌ ထွန်းတောက်ကြလိမ့်မည်။