5 ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။
အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်လျှင် မည်သူသည် ကိုယ်တော့်အဖို့ အိမ်တော်ကို ဆောက်လုပ်နိုင်ပါမည်နည်း။ ရှေ့တော်၌ နံ့သာပေါင်းမီးရှို့ပူဇော်ရန်မှတစ်ပါး ကိုယ်တော့်အဖို့ အိမ်တော်ကို တည်ဆောက်ပေးမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။
ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။