Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 28:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဘု​ရား​သခင်​၏​ဥ​ယျာဉ်​တော်​ဧ​ဒင်​၌​စံ​ပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥ​ဿ​ဖ​ရား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ဂေါ်​မုတ်​အ​စ​ရှိ​သော ကျောက်​မျက်​ရ​တ​နာ​အ​မျိုး​မျိုး​တို့​ကို ဝတ်​စား​ဆင်​ယင်​ရ​၏။ သင်​၏​ဝတ်​စား​တန် ဆာ​များ​သည်​ရွှေ​ဖြင့်​ပြီး​၏။ ထို​ဝတ်​စား တန်​ဆာ​တို့​ကို​သင်​မွေး​ဖွား​သည့်​နေ့​၌​ပင် လျှင်​သင်​၏​အ​တွက်​ပြု​လုပ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဧ ဒင် ခေါ်၊ ဘု ရား သ ခင့် ဥ ယျာဉ် တော်၌ ရှိ နေ ရာ၊ သင့် ကို ဖန် ဆင်း ထား သော နေ့ ရက် တွင်၊ ပြင် ဆင် တော် မူ နှင့် သည့် အ လျောက်၊ ကျောက် အိမ်၊ ကျောက် အိုး ဖြစ် သော ရွှေ ထည်၌ စီ သော၊ ပ တ္တ မြား၊ ဥဿ ဖ ယား၊ ကြောင်၊ မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့၊ ကျောက် ပြာ၊ ဆီး၊ မြ၊ ကျောက် မျက် အ မျိုး မျိုး နှင့် ဆင် ယင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 28:13
25 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။


အီသီယိုးပီးယား​ပြည်​ထွက် ဥဿဖရား​လည်း ယှဉ်​၍​မ​ရ​နိုင်​။ ရွှေ​စင်​ဖြင့်​လည်း တန်ဖိုးဖြတ်​၍ မ​ရ​နိုင်​။


သင်​၏​ဘုန်းတန်ခိုး​၊ သင်​၏​စောင်း​သံ​သည် မရဏာနိုင်ငံ​သို့​ဆင်းသွား​ပြီ​။ လောက်ကောင်​များ​သည် သင့်​အောက်​၌​ပြန့်​နေ​၍ ပိုးကောင်​များ​သည် သင့်​ကို​ဖုံးလွှမ်း​၏​။


အို အမေ့​ခံရ​သော​ပြည့်တန်ဆာမ​၊ စောင်း​ကို​ယူ​၍ မြို့​ထဲတွင်​လှည့်ပတ်​လော့​။ သာသာယာယာ​တီးခတ်​လော့​။ သီချင်း​များများ​သီဆို​လော့​။ သို့မှ သင့်​ကို သတိရ​ကြ​မည်​။


ပတ်သာ​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။ သောက်စားပျော်ပါး​သော​သူ​တို့​၏​အသံ​သည် ရပ်တန့်​လေ​ပြီ​။ စောင်း​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။


ထာဝရဘုရား​က သူ​တို့​ကို အပြစ်ဒဏ်​ပေး​သည့် တုတ်​တော်​၏​ရိုက်ချက်​တိုင်း​မှာ ပတ်သာ​နှင့် စောင်း​သံ​တို့ ထွက်ပေါ်​လိမ့်မည်​။ ကိုယ်တော်​သည် လက်​ကို​ဝှေ့ယမ်း​လျက် သူ​တို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​တော်မူ​မည်​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


ဓား​ကို ဓားအိမ်​သို့ ပြန်သွင်း​လော့​။ စင်စစ် သင်​မွေးဖွား​ရာ​သင့်​ဇာတိ​မြေ​တွင်ပင် သင့်​ကို ငါ​စီရင်​မည်​။


‘ငါ​သည် သီချင်း​သံ​ကို ဆိတ်သုဉ်း​စေ​မည်​။ စောင်း​သံ​ကို​လည်း သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။


ဆီးရီးယား​ပြည်​သည် ထွက်ကုန်ပစ္စည်း​များပြား​သော​သင်​နှင့် ကုန်သွယ်​၍ သင်​၏​ကုန်ပစ္စည်း​များ​ကို မြ​၊ ခရမ်းရောင်​ကျောက်​၊ ဇာပန်းထိုးထည်​၊ ပိတ်ချော​၊ သန္တာကျောက်​၊ ပတ္တမြား​များ​နှင့် လဲလှယ်​ကြ​၏​။


ရှေဘ​ပြည်​၊ ရာဂမ​ပြည်​မှ ကုန်သည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်ပစ္စည်း​များ​ကို အကောင်းစား​အမွှေးနံ့သာ​အမျိုးမျိုး​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​၊ ရွှေ စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။


ငါ​သည် သင့်​ကို အတောင်​ဖြန့်မိုး​သော​ခေရုဗိမ်​တစ်ပါး​အဖြစ် ဘိသိက်ပေး​ပြီး ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်၌ နေရာချ​ထား​၏​။ သင်​သည် မီးတောက်​နေ​သော​ကျောက်တုံး​များ​အလယ်​တွင် သွားလာ​၏​။


သင့်​ကို​ဖန်ဆင်း​သည့်​နေ့​မှစ၍ သင်​ပြု​ခဲ့​သော​မတရားမှု​ပေါ်လာ​သည့်​နေ့​တိုင်အောင် အပြစ်တင်စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ခဲ့​။


သူ​တို့​က လူသူကင်းမဲ့​ခဲ့​သော ဤ​မြေ​သည် ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်လာ​ပြီ​။ ဖျက်ဆီး​ခံရ​သဖြင့် ဆိတ်ညံ​၍ လူသူကင်းမဲ့​သော​မြို့​များ​သည်​လည်း လူ​နေထိုင်​ရာ​ခိုင်ခံ့​သော​မြို့​များ​ဖြစ်လာ​ပြီ​ဟု ပြောဆို​ကြ​လိမ့်မည်​။


သူ​တို့​ရှေ့​တွင် ဝါးမျို​သော​မီး ရှိ​၏​။ သူ​တို့​နောက်တွင် လောင်ကျွမ်း​သော​မီးလျှံ ရှိ​၏​။ ပြည်​တော်​သည် ယခင်က ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်​သော်လည်း သူ​တို့​ပေါ်လာ​ပြီး​နောက်တွင် ဆိတ်ညံ​သော​တောကန္တာရ​ကဲ့သို့ ဖြစ်​လေ​ပြီ​။ သူ​တို့​ဘေးရန်​မှ လွတ်မြောက်​သော​အရာ တစ်​ခု​မျှ​မ​ရှိ​။


ထို​မိန်းမ​သည် ခရမ်းရောင်​နှင့် နီမြန်း​သော​အရောင်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​ကာ သူ​၏​လက်​၌ ရွံရှာ​ဖွယ်​ရာ​များ​နှင့် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၏​ညစ်ညူး​သော​အရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ