ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
ထွက်မြောက် 25:23 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှားသစ်သားဖြင့်လုပ်၍ Common Language Bible ``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။- Garrad Bible အ လျား နှစ် တောင်၊ အ နံ တစ် တောင်၊ အ မြင့် တစ် တောင့် ထွာ ရှိ သော စား ပွဲ တော် ကို လည်း ရှား သား နှင့် လုပ်၍ ရွှေ စင် မွမ်း မံ လျက်၊ Judson Bible အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့်လုပ်၍၊ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
ရှေ့တော်မုန့်တင်ရန်စားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေစားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
စားပွဲနှင့် ထိုစားပွဲ၏တန်ဆာပလာများကိုလည်းကောင်း၊ ရွှေစင်ဆီမီးခုံနှင့် ထိုဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊
စားပွဲ၊ စားပွဲ၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊
ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။
ထိုမုန့်တို့ကို ထာဝရဘုရားရှေ့တော်၊ ရွှေစင်ဖြင့်မွမ်းမံသောစားပွဲပေါ်တွင် တစ်ပုံကိုခြောက်ခုစီဆင့်၍ နှစ်ပုံ ပုံထားရမည်။
သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
ထိုအရာတို့ပေါ်၌ အနီရောင်အဝတ်ကို ဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် စားပွဲ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။