Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 စားပွဲ​ဆယ်​လုံး​ကို​လည်း ပြုလုပ်​ပြီး ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး နေရာချ​ထား​၏​။ ထို့ပြင် ရွှေ​ဇလုံ​အလုံး​တစ်ရာ​ကို​လည်း ပြုလုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 စား ပွဲ တော် တစ် ဆယ် ကို လည်း လုပ် ၍ ဗိ မာန် တော် အ တွင်း ဝဲ ယာ ငါး ခု စီ ထား လျက် ရွှေ ဖ လား တစ် ရာ ကို လည်း လုပ် စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 စား​ပွဲ​ဆယ်​ခု​ကို​လည်း​လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌ ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 4:8
10 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​ရွှေ​စားပွဲ​၊


ရှောလမုန်​မင်းကြီး​သည် ဘုရားသခင်​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​၊


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လူ​အပေါင်း​တို့​အတွက် အကောင်းဆုံး​အစားအစာ​နှင့် နှစ်ချို့စပျစ်ဝိုင်​စားသောက်ပွဲ​ကို ဤ​တောင်​ပေါ်၌ ပြင်ဆင်​တော်မူ​မည်​။ ထို​စားသောက်ပွဲ​တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အကောင်းဆုံး​အစားအစာ​များ​၊ သန့်စင်​ထား​သော​နှစ်ချို့စပျစ်ဝိုင်​များ​ဖြင့် တည်ခင်း​တော်မူ​မည်​။


‘သူ​တို့​သာလျှင် ငါ့​သန့်ရှင်းရာဌာန​တော်​ထဲသို့ ဝင်​ရ​မည်​။ သူ​တို့​သာလျှင် ငါ့​စားပွဲ​သို့​လာ​၍ ငါ့​အမှု​ကို​ထမ်းဆောင်​ရ​သော​အမှုထမ်း ဖြစ်​ရ​မည်​။


ထို​နေ့ရက်​တွင် မြင်း​ချူလုံး​များ​၌ “ထာဝရဘုရား​၌ သန့်ရှင်း​ခြင်း”​ဟု ရေးထိုး​ထား​လိမ့်မည်​။ ထာဝရဘုရား​အိမ်​တော်​ရှိ အိုး​တို့​သည်​လည်း ယဇ်ပလ္လင်​ရှေ့​ရှိ ဇလုံ​များ​ကဲ့သို့ ဖြစ်​လိမ့်မည်​။


“သင်​တို့​မူကား စားပွဲ​တော်​ကို ရှုတ်ချ​လျက် ‘ဘုရားရှင်​၏​စားပွဲ​တော်​သည် ညစ်ညူး​၏​။ အသီးအနှံ​နှင့် အစားအစာ​များ​သည်​လည်း ရွံရှာဖွယ်​ဖြစ်​၏’​ဟု ဆို​ကြ​၏​။


သင်​တို့​သည် သခင်​ဘုရား​၏​ခွက်​ကို​သောက်​လျှင် နတ်ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သခင်​ဘုရား​၏​စားပွဲ​ကို မျှဝေ​ခံယူ​လျှင် နတ်ဆိုး​တို့​၏​စားပွဲ​ကို မျှဝေ​ခံယူ​၍​မ​ရ​နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ