ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။
ထွက်မြောက် 21:8 - မြန်မာ့စံမီသမ္မာကျမ်း သခင်သည် ထိုကျွန်မကို မိမိအတွက်ရွေးချယ်ပြီးမှ မနှစ်မြို့လျှင် ကျွန်မအား သူ့ကိုယ်သူ ပြန်ရွေးခွင့်ပေးရမည်။ သခင်သည် သူ့အပေါ် သစ္စာမဲ့သည်ဖြစ်၍ တစ်ပါးအမျိုးသားအား ရောင်းခွင့်မရှိ။ Common Language Bible သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။- Garrad Bible သ ခင် သည် ထို မိန်း မ ကို ကိုယ် တိုင် မှန်း ထား၍ မ နှစ် သက် လျှင် ရွေး နုတ် ခွင့် ပေး စေ။ သ စ္စာ ဖျက် သော ကြောင့် လူ မျိုး ခြား တို့ ထံ ရောင်း ခွင့် မ ရှိ။ Judson Bible သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ |
ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့လည်းကောင်း၊ ဖြတ်သန်းစီးဆင်းသွားသောတောင်ကျချောင်းရေကဲ့သို့လည်းကောင်း သစ္စာမဲ့ကြ၏။
တစ်စုံတစ်ဦးသည် မိမိ၏သမီးကို ကျွန်အဖြစ်ရောင်းလျှင် ထိုကျွန်မသည် ကျွန်ယောက်ျားထွက်သွားသကဲ့သို့ မထွက်သွားရ။
ထိုသို့မဟုတ်ဘဲ ထိုကျွန်မကို မိမိသားအတွက် ရွေးချယ်လျှင် သမီးနှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်အတိုင်း သူ၌ ပြုရမည်။
ထိုအခါ မောရှေက “အကျွန်ုပ်သည် အရှင်မင်းကြီးထံမှ ထွက်သွား၍ မနက်ဖြန်နေ့၌ ယင်ရဲတို့သည် အရှင်ဖာရောမင်းကြီးမှစ၍ အမှုထမ်းများ၊ ပြည်သူပြည်သားများထံမှ ထွက်သွားမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပါမည်။ သို့ရာတွင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အရှင်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေခြင်းဖြင့် ထပ်၍မလှည့်စားပါနှင့်”ဟု လျှောက်လေ၏။
‘သူတို့သည် ဖောက်ပြန်မှားယွင်းသောကြောင့် သူတို့ပြည်ကို လူသူကင်းမဲ့ရာဖြစ်စေမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
မိန်းမနှင့်စေ့စပ်၍ မစုံဖက်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုမိန်းမနှင့်စုံဖက်လိမ့်မည်’ဟု မိန့်ကြားရမည်။
သူ့မိဘကလည်း သူ့အား “အရေဖျားမလှီးသောဖိလိတ္တိလူမျိုးတို့ထဲမှ မိန်းမကို သွား၍ယူရလေအောင် သင့်ဆွေမျိုးသားချင်း၊ ငါတို့လူမျိုးများတွင် မိန်းမတစ်ယောက်မျှ မရှိသလော”ဟု ဆိုသော် ရှံဆုန်က ဖခင်အား “ထိုအမျိုးသမီးကိုသာ သဘောကျသည်ဖြစ်၍ တောင်းပေးပါ”ဟု ဆို၏။
ယခု သင်တို့သည် ယေရုဗ္ဗာလနှင့် သူ့အိမ်သူအိမ်သားတို့ကို ဖြောင့်မတ်မှန်ကန်စွာပြုသည်မှန်လျှင် အဘိမလက်အားဖြင့် ဝမ်းမြောက်ကြလော့။ သူသည်လည်း သင်တို့အားဖြင့် ဝမ်းမြောက်ပါစေ။
ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။
ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။