Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 15:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ‘သူ​တို့​သည် ဖောက်ပြန်မှားယွင်း​သောကြောင့် သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သ စ္စာ တော် ကို ဖောက် ကျော် ကြ သော ကြောင့်၊ နေ ပြည် ကို ဆိတ် ညံ ရာ ဖြစ် စေ မည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘုရား မိန့် ဆို သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သူ​တို့​သည် ငါ့​ကို အ​ထပ်​ထပ်​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် သူ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 15:8
12 ပူးပေါင်းရင်းမြစ်များ  

သခင်​သည် ထို​ကျွန်မ​ကို မိမိ​အတွက်​ရွေးချယ်​ပြီးမှ မနှစ်မြို့​လျှင် ကျွန်မ​အား သူ့​ကိုယ်​သူ ပြန်ရွေး​ခွင့်​ပေး​ရ​မည်​။ သခင်​သည် သူ့​အပေါ် သစ္စာမဲ့​သည်​ဖြစ်၍ တစ်ပါးအမျိုးသား​အား ရောင်း​ခွင့်​မ​ရှိ​။


ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။


သူ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် ထို​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ​ဖြစ်​စေ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏’​ဟု ဆင့်ဆို​လော့​။


သူ​တို့​၏​နေရင်းပြည်​တွင် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​သောအခါ သူ​တို့​အရှက်ကွဲ​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ ငါ့​အပေါ်​သစ္စာမဲ့​၍ ဖောက်ပြန်မှားယွင်း​ခဲ့​ကြ​သည်​ကို​လည်းကောင်း မေ့လျော့​ကြ​လိမ့်မည်​။


ငါ့​လက်​ကို​ဆန့်​၍ သူ​တို့​ကို ဆန့်ကျင်​မည်​။ ဒိဗလတ်​ကန္တာရ​မှစ၍ သူ​တို့​နေလေရာ​အရပ်ရပ်​တို့​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ