Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 14:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 မိ ဘ တို့ က၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ ဖိ လိ တ္တိ အ မျိုး တွင် ခင် ပွန်း ပြု ရန် ခေါ် ဆောင် ရ မည့် အ ကြောင်း မှာ၊ သင့် ဆွေ မျိုး သား ချင်း၊ ငါ တို့ အ မျိုး အ နက် မိန်း မ တစ် ယောက် မျှ မ ရှိ သ လော ဟု ပြော ဆို သော် လည်း၊ ရှံ ဆုန် က၊ ထို မိန်း မ ကို သာ တောင်း ပေး ပါ။ အ လွန် ပင် မြတ် နိုး လှ ပါ သည် ဟု အ ဘ အား လျှောက် ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 14:3
15 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အာဗြံ​က လောတ​အား “​ငါ​တို့​သည် ဆွေမျိုးသားချင်း​ဖြစ်​ကြ​သောကြောင့် ငါ​နှင့်​သင့်​ကြား​၌​လည်းကောင်း​၊ ငါ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် သင်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌​လည်းကောင်း ခိုက်ရန်​ဖြစ်ပွား​ခြင်း​မ​ရှိ​ပါစေ​နှင့်​။


အာဗြဟံ​သည် သိုးအုပ်​၊ နွားအုပ်​ကို​ယူ​၍ အဘိမလက်​မင်းကြီး​အား​ပေး​ပြီးလျှင် သူ​တို့​နှစ်​ဦး​သည် ပဋိညာဉ်​ဖွဲ့​ကြ​၏​။


သူ​တို့​က “​ငါ​တို့​၏​နှမ​ကို အရေဖျားမလှီး​သော​သူ​နှင့်​ပေးစား​ခြင်း​အမှု​ကို ငါ​တို့​မ​ပြု​နိုင်​ပါ​။ အကြောင်းမူကား ထိုသို့​ပြု​လျှင် ငါ​တို့​သည် ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​လိမ့်မည်​။


ဖိလိတ္တိ​သမီးပျို​များ ဝမ်းမြောက်​မည်​ကို စိုး​၍​၊ အရေဖျားမလှီး​သူ​တို့​၏​သမီးပျို​များ ရွှင်မြူး​မည်​ကို​စိုး​၍ ဤ​အကြောင်း​ကို ဂါသ​မြို့​တွင် မ​ပြော​ကြ​ပါ​နှင့်​။ အာရှကေလုန်​မြို့​လမ်း​များ​ပေါ်တွင် မ​ကြေညာ​ကြ​ပါ​နှင့်​။


အကယ်၍ သင်​တို့​သည် လမ်းလွဲ​၍ သင်​တို့​တွင် ကြွင်းကျန်​နေ​သေး​သော​လူမျိုး​တို့​နှင့်​မိတ်ဖွဲ့​ပြီး သူ​တို့​နှင့်​စုံဖက်​၍ ထွေးရောယှက်တင်​နေ​လျှင်


သူ​သည် မိဘ​ထံ ပြန်လာ​၍ “​အကျွန်ုပ်​သည် တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​ပါ​ပြီ​။ သူ့​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု ဆို​၏​။


ရှံဆုန်​သည် အလွန်​ရေငတ်​သဖြင့် ထာဝရဘုရား​ထံ “​ကိုယ်တော့်​အစေအပါး​၏​လက်​ဖြင့် ဤမျှ​ကြီးမား​သော​အောင်မြင်မှု​ကို ပေး​တော်မူ​ပြီးမှ ယခု ရေငတ်​၍ သေ​ရ​မည်လော​။ အရေဖျားမလှီး​သော​သူ​တို့​၏​လက်ချက်​ဖြင့် သေ​ရ​မည်လော​”​ဟု အော်ဟစ်​လျှောက်ဆို​လေ​၏​။


ယောနသန်​က လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ အရေဖျားမလှီး​သော​ထို​သူ​တို့​၏​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​။ ထာဝရဘုရား ငါ​တို့​နှင့် ပါရှိ​ကောင်း​ပါရှိ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် မည်သည့်​အမှု​၌​မဆို လူ​အနည်းငယ်​နှင့်​ဖြစ်စေ​၊ လူ​အများ​နှင့်​ဖြစ်စေ အတားအဆီး​မ​ရှိ​ကယ်တင်​ပေး​နိုင်​သည်​”​ဟု ဆို​၏​။


ဒါဝိဒ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​လူ​တို့​အား “​ဤ​ဖိလိတ္တိ​ပြည်သား​ကို​သတ်​ပြီး အစ္စရေး​လူမျိုး​တို့ စော်ကား​ခံ​နေ​ရ​သည်​ကို ဖယ်ရှား​ပေး​နိုင်​သော​သူ​အား မည်သို့​ပြု​ပေး​မည်နည်း​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကားပြောဆို​နေ​ရ​အောင် ဤ​အရေဖျားလှီး​ခြင်း​မ​ခံ​သော​ဖိလိတ္တိ​ပြည်သား​ကား မည်သူ​နည်း​”​ဟု မေး​၏​။


ထိုသို့ ခြင်္သေ့​နှင့် ဝက်ဝံ​တို့​ကို အရှင့်​အစေအပါး သတ်​ခဲ့​ပါ​၏​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကား​နေ​သည့် အရေဖျားလှီး​ခြင်း​မ​ခံ​သော ဤ​ဖိလိတ္တိ​ပြည်သား​သည်​လည်း ထို​အကောင်​ထဲမှ​တစ်​ကောင်​ကဲ့သို့သာ ဖြစ်​ပါ​သည်”​ဟု လျှောက်တင်​၏​။


ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ထိုးသတ်​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ