အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။
ထွက်မြောက် 12:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။ Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။- Garrad Bible ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အား သင် တို့ ဆင့် ဆို ရ မည် မှာ ယ ခု လ ဆယ် ရက် တွင် လူ အ သီး အ သီး တို့ သည် အိမ် ထောင် သား ချင်း အ လိုက် တစ် အိမ် ထောင် လျှင် သိုး ဆိတ် တစ် ကောင် ကောင် ကို ရွေး ယူ ကြ စေ။ Judson Bible သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။ |
အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။
အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
ယောရှိမင်းကြီးသည် ထိုနေရာတွင်ရှိနေသော ပြည်သူပြည်သားတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်စုစုပေါင်းအကောင်ရေသုံးသောင်း၊ နွားအကောင်ရေသုံးထောင်တို့ကို ရှင်ဘုရင်ပိုင်ဆိုင်ရာထဲမှ လှူဒါန်းပေးလေ၏။
ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။
အကယ်၍ မိသားစုနည်းသဖြင့် သိုးသငယ်တစ်ကောင်ကို စားမကုန်လျှင် သူသည် အနီးဆုံးအိမ်နီးချင်းနှင့်ပေါင်း၍ လူဦးရေအလိုက် မိမိတို့အသီးသီးစားနိုင်သည့်ပမာဏနှင့်အညီ သိုးသငယ်တစ်ကောင်ကို ချိန်ဆပြီးယူရမည်။
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။
ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။
မောရှေအား ထာဝရဘုရားမိန့်တော်မူသောစကားအားလုံးကို အာရုန်သည် ထိုသူတို့အား ပြောကြား၍ အစ္စရေးလူမျိုးတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာတို့ကိုပြလေ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
နွားထီး၊ သိုးထီး၊ သိုးသငယ်၊ ဆိတ်သငယ် တစ်ကောင်ကောင်ကိုပူဇော်လျှင် ထိုသို့ပြုရမည်။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။
နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့်
သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။
မနက်ဖြန်နံနက်၌ သင်တို့အမျိုးအနွယ်အလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောမျိုးနွယ်စုသည် အိမ်ထောင်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအိမ်ထောင်စုသည် တစ်ယောက်ချင်းစီ ချဉ်းကပ်ရမည်။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။