Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:3 - Garrad Bible

3 ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အား သင် တို့ ဆင့် ဆို ရ မည် မှာ ယ ခု လ ဆယ် ရက် တွင် လူ အ သီး အ သီး တို့ သည် အိမ် ထောင် သား ချင်း အ လိုက် တစ် အိမ် ထောင် လျှင် သိုး ဆိတ် တစ် ကောင် ကောင် ကို ရွေး ယူ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:3
26 ပူးပေါင်းရင်းမြစ်များ  

အာ ဗြ ဟံ က ငါ့ သား၊ ပူ ဇော် ရန် သိုး ငယ် ကို ဘု ရား သ ခင် စီ မံ တော် မူ လိမ့် မည် ဟု ဆို လျက် နှစ် ယောက် အ တူ သွား မြဲ သွား ကြ ၏။


အာ ဗေ လ လည်း ကိုယ့် သိုး အုပ် မှ သား ဦး နှင့် သိုး ဆီ ဥ ကို ဆောင် ခဲ့ ရာ ထာ ဝ ရ ဘု ရား သည် အာ ဗေ လ နှင့် သူ့ ပူဇော် သ က္ကာ ကို အာ ရုံ ပြု သော် လည်း၊


ယော ရှိ မင်း သည်၊ ပိုင် တော် မူ ရာ အ နက်၊ ပ သ ခါ ပူ ဇော် သ က္ကာ အ ဖြစ်၊ သိုး ဆိတ် သုံး သောင်း၊ နွား သုံး ထောင် များ ကို လူ ပ ရိ သတ် အား ပေး ရာ၊


ယ ခု လ သည် သင် တို့ အ ဖို့ ပ ထ မ လ တည်း ဟူ သော နှစ် ဦး လ ဖြစ် ရ မည်။


ထို အ ခါ မော ရှေ သည် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ ကို ခေါ်၍ အိမ် ထောင် သား ချင်း များ အ လိုက် သိုး ဆိတ် များ ကို ရွေး ချယ် ယူ ခဲ့ ပြီး လျှင် ပ သ ခါ အ ကောင် အ ဖြစ် စီ ရင် ကြ လော့။


တစ် ကောင် မ ကုန် အောင် အိမ် ထောင် ငယ် လျှင် နီး စပ် သော အိမ် ထောင် နှင့် ဆုံ၍ လူ ဦး ရေ အ လျောက် ရွေး ယူ ကြ စေ။ အ သီး အ သီး တို့ အိုး စား အ တိုင်း အ ကောင် နှင့် ကိုက် ၍ ရေ တွက် ရ မည်။


ထို လ ဆယ့် လေး ရက် တိုင် အောင် ထိန်း ကျောင်း ထား ပြီး မှ ညဉ့် ဦး ယံ ၌ ဣ သ ရေ လ တစ် မျိုး လုံး အ စည်း အ​ဝေး ပ ရိ သတ် တို့ စီ ရင် ကြ၍ အ သွေး ကို ယူ ပြီး လျှင်၊


ထာ ဝ ရ ဘု ရား သည်၊ မော ရှေ အား မိန့် တော် မူ ပြန် သည် မှာ၊ အ ဘယ် ကြောင့် ငါ ထံ ဟစ် သ နည်း။ ဣ သ ရေ လ အ မျိုး သား တို့ ချီ သွား စေ ခြင်း ငှါ မှာ ထား လော့။


ထွက် ပြေး ၍ အ ဝေး၌ ရပ် နေ လျက် သေ တော့ မည် စိုး ၍ ကျွန် တော် တို့ ဘု ရား သ ခင် မိန့် မြွက် တော် မ မူ ပါ စေ နှင့်။ ကိုယ် တော် သာ ဆင့် ဆို တော် မူ ပါ။ နာ ခံ ပါ မည် ဟု မော ရှေ အား လျှောက် ဆို ကြ သော်၊


မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို အာ ရုန် ပြန် ပြော၍ ထို သူ တို့ မျက် မှောက် တွင် လ က္ခ ဏာ သက် သေ များ ကို ပြ လေ သော်၊


ထို ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ၊ ငါ သည် ထာ ဝ ရ ဘုရား ပေ တည်း။ သင် တို့ ကို အိ ဂျစ် လူ တို့ ထံ အ လုပ် ဝန် မှ ထုတ် ဆောင်၍ ကျွန် စေ စား ရာ မှ လည်း ကယ် လွှတ် လျက် လက် ရုံး တော် ဆန့် တန်း ခြင်း၊ မ ဟာ ဒဏ် စီ ရင် ခြင်း များ ဖြင့် ငါ ရွေး နုတ် မည်။


တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော နှစ် ဆယ့် ငါး နှစ်၊ မြို့ တော် ပေါက် သော တစ် ဆယ့် လေး နှစ်၊ နှစ် ဦး လ ဆယ် ရက် တွင် ပင်၊ ငါ့ အ ပေါ်၌ ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ မြို့ တော် သို့ ငါ့ ကို ဆောင် ကြွ တော် မူ ၏။


မော ရှေ အား မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ ဒါ န တင် သွင်း ရာ နွား အုပ် မှ သော် လည်း ကောင်း၊ သိုး ဆိတ် မှ သော် လည်း ကောင်း၊ တစ် ကောင် ကောင် ကို ဆက် ကပ် စေ ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။


ပြစ် မှား မိ သော အ ပြစ် အ တွက် ဒဏ် ပြေ စေ ရန် ထာ ဝ ရ ဘု ရား ထံ၊ သိုး သား ငယ် မ၊ ဆိတ် မ တစ် ကောင် ကောင် ကို အုပ် မှ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် ဆောင် သွင်း ရာ ပ ရော ဟိတ် သည် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။


နွား၊ သိုး ထီး၊ သိုး ဆိတ် သား ငယ် တစ် ကောင် ကောင် နှင့် တ ကွ ထို သို့ ပြု လျက်၊


နောက်နေ့၌ယေရှုချဉ်းလာတော်မူသည်ကို ယောဟန်မြင်သော် ရှုကြည့်ကြလော့။ ဤလောကသားတို့၏ အပြစ်ကိုဆောင်သွားသော၊ ဘုရားသခင့်သိုးငယ်တော်တည်း။


ကြွသွားတော်မူသောယေရှုကိုဖူးမြင်လျက် ရှုကြည့်ကြလော့။ ဘုရားသခင့်သိုးငယ်တော်တည်းဟု ဆိုသောစကားကို တပည့်နှစ်ယောက်တို့ကြား၍၊


ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊


နောက်နေ့တွင် ပွဲသို့ရောက်လာသောလူပရိသတ်ကြီးသည် ယေရုရှလင်မြို့သို့ ယေရှုကြွရောက်တော်မူကြောင်းကြားသော်၊


သင် တို့ သည် တ ဆေး ကင်း ပြီး ဖြစ် ကြ သည် နှင့် အ ညီ၊ အ သစ် ပေါင်း ဖြစ် ရန် တ ဆေး ဟောင်း ကို ပယ် ရှင်း ကြ လော့။ ခ ရစ် တော် တည်း ဟူ သော ငါ တို့၏ ပ သ ခါ သိုး သား ငယ် ကို ပူ ဇော် ပြီး ဖြစ်၍၊


သင် တို့ သည်၊ နက် ဖြန် နံ နက် အ နွယ် များ အ လိုက် ချဉ်း ကပ် လျက်၊ ထာ ဝ ရ ဘု ရား၏ မဲ ကျ သော အ နွယ် သည်၊ အ ဆက် များ အ လိုက် လည်း ကောင်း၊ မဲ ကျ သော အ ဆက် သည် အိမ် ထောင် များ အ လိုက်လည်း ကောင်း၊ မဲ ကျ သော အိမ် ထောင် သည် လူ အ စဉ် အ လိုက် လည်း ကောင်း၊ ချဉ်း ကပ် ကြ ပြီး လျှင်၊


ဤ လော က တည် သည့် ကာ လ က၊ ကွပ် မျက် ခံ ခဲ့ ပြီး သိုး ငယ် တော်၏ အ သက် စာ ရင်း တွင် အ မည် မ သွင်း ဘဲ မြေ ကြီး ပေါ် မှာ နေ ထိုင် သ မျှ တို့ သည် ထို သား ရဲ ကို ရှိ ခိုး ကြ လိမ့် မည်။


ရှ မွေ လ သည် နို့ စို့ သိုး သား ငယ် ကို ကောင် လုံး မီး ရှို့ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား အား ပူ ဇော် လျက် ဣ သ ရေ လူ မျိုး အ ဖို့ ပ ဌ နာ ပြု လျှင် ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ