Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယ ခု လ သည် သင် တို့ အ ဖို့ ပ ထ မ လ တည်း ဟူ သော နှစ် ဦး လ ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:2
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အာရွှေရု​မင်းကြီး​နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​၊ နိသန်​ဟု​ခေါ်​သော​ပထမ​လ​တွင် ဟာမန်​ရှေ့​၌ တစ်ရက်​ပြီး​တစ်ရက်​၊ တစ်လ​ပြီး​တစ်လ ပုရ​မဲ​ကို​ချ​ရာ အာဒါ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​တွင် မဲကျ​၏​။


အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား


ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​မှစ၍ နှစ်ဆယ့်​တစ်​ရက်​နေ့ နေဝင်ချိန်​တိုင်အောင် တဆေးမဲ့မုန့်​ကို သင်​တို့​စား​ရ​မည်​။


အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။


ထို့နောက် မောရှေ​က အစ္စရေး​လူမျိုး​တို့​အား “​ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သော ဤ​နေ့ရက်​ကို အောက်မေ့​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ဤ​အရပ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ တဆေးပါသောမုန့်​ကို​မ​စား​ရ​။


အဗိဗ​လ​၊ ဤ​နေ့ရက်​၌ သင်​တို့​ထွက်လာ​ကြ​၏​။


တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။


ဒုတိယ​နှစ်​၊ ပထမ​လ​၏​ပထမ​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ပထမ​လ​၊ ပထမ​ရက်​တွင် အပြစ်အနာအဆာကင်း​သော နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​ကို​ယူ​၍ သန့်ရှင်းရာဌာန​ကို စင်ကြယ်​အောင်​ပြု​ရ​မည်​။


ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါပွဲတော်​ကို ကျင်းပ​ရ​မည်​။ ပွဲတော်​ခုနစ်​ရက်​အတွင်း တဆေးမဲ့မုန့်​ကို စား​ရ​မည်​။


ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​၊ နေဝင်ချိန်​၌ ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​ရ​မည်​။


ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​သည် ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အဗိဗ​လ​၊ ညအချိန်​တွင် သင့်​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ဖြစ်၍ အဗိဗ​လ​ကို အလေးထား​လျက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို ကျင်းပ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ