Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 4:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အားလုံး​ကို အာရုန်​သည် ထို​သူ​တို့​အား ပြောကြား​၍ အစ္စရေး​လူမျိုး​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​တို့​ကို​ပြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြော​၍​သူ​တို့​ရှေ့​တွင်​အံ့​သြ ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို အာ ရုန် ပြန် ပြော၍ ထို သူ တို့ မျက် မှောက် တွင် လ က္ခ ဏာ သက် သေ များ ကို ပြ လေ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 အာ​ရုန်​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​ပြန်​ပြော၍၊ လူ​တို့​ရှေ့​မှာ​နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 4:30
4 ပူးပေါင်းရင်းမြစ်များ  

မောရှေ​သည် ပြန်လာ​၍ လူ​တို့​ထဲမှ သက်ကြီးဝါကြီး​တို့​ကို ခေါ်​ပြီးလျှင် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ထို​စကား​အလုံးစုံ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြန်ပြော​၏​။


မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။


သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။


သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ