၁ ကော 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible7 တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible7 သင် တို့ သည် တ ဆေး ကင်း ပြီး ဖြစ် ကြ သည် နှင့် အ ညီ၊ အ သစ် ပေါင်း ဖြစ် ရန် တ ဆေး ဟောင်း ကို ပယ် ရှင်း ကြ လော့။ ခ ရစ် တော် တည်း ဟူ သော ငါ တို့၏ ပ သ ခါ သိုး သား ငယ် ကို ပူ ဇော် ပြီး ဖြစ်၍၊ အခန်းကိုကြည့်ပါ။Judson Bible7 သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သင်တို့သည် တဆေးမပါသောမုန့်ညက်ဖြစ်ကြသည်နှင့်အညီ တဆေးဟောင်းကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့သည် တဆေးမပါသော မုန့်ညက်သစ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပသခါသိုးသငယ်ဟူသော ခရစ်တော်ကို ကျွန်ုပ်တို့အတွက် ပူဇော်ပြီးဖြစ်သောကြောင့်ပင်။ အခန်းကိုကြည့်ပါ။ |