ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊
တရားဟော 8:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။- Garrad Bible ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို ယ ခု ဖြစ် သည့် အ တိုင်း၊ အ တည် ပြု အံ့ သော ငှါ စည်း စိမ် ချမ်း သာ ရ အောင် စွမ်း ရည် တန် ခိုး သ နား တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သ တိ ရ ကြ လော့။ Judson Bible သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ |
ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊
ဓနဥစ္စာနှင့် ဂုဏ်သရေသည် ကိုယ်တော့်ထံမှ လာပါ၏။ အရာခပ်သိမ်းကို အုပ်စိုးပိုင်သတော်မူပါ၏။ ကိုယ်တော်၏လက်တော်သည် အစွမ်းတန်ခိုးနှင့်ပြည့်ဝတော်မူသဖြင့် လူခပ်သိမ်းအား ကြီးမြတ်စေနိုင်၍ ခွန်အားကိုလည်း ပေးနိုင်စွမ်းရှိတော်မူပါ၏။
အာမဇိမင်းကြီးကလည်း ဘုရားသခင်၏လူအား “အစ္စရေးစစ်တပ်အား ငါပေးလိုက်သော ငွေတာလန်တစ်ရာကို မည်သို့ပြုရမည်နည်း”ဟု ပြန်မေးလျှင် ဘုရားသခင်၏လူက “ထာဝရဘုရားသည် ထိုမျှမကများစွာသောငွေကို မင်းကြီးအား ပေးနိုင်၏”ဟု ပြန်ပြော၏။
ငါ၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်သည် ငါ၏လက်ကို စစ်မက်အတွက်လည်းကောင်း၊ ငါ၏လက်ချောင်းများကို တိုက်ပွဲအတွက်လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ဘိုးဘေးတို့သည် ဗာလကို ကိုးကွယ်ပြီး ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့က သူတို့အချင်းချင်းပြောဆိုသောအိပ်မက်များအားဖြင့် ငါ့လူမျိုးတို့ ငါ့နာမကိုမေ့လျော့အောင် ကြံစည်နေကြ၏။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
အို ထာဝရဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောမြေအသီးအနှံ၏အသီးဦးကို ယခု အကျွန်ုပ်ယူဆောင်လာပါ၏’ဟု လျှောက်ဆိုပြီးလျှင် ထိုအသီးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ချထား၍ သင်၏ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရမည်။
သင်တို့မစုဆောင်းဘဲ စုဆောင်းပြီးသားကောင်းသောအရာအမျိုးမျိုးတို့ဖြင့်ပြည့်နေသောအိမ်များ၊ သင်တို့မတူးဘဲ တူးပြီးသားရေတွင်းများ၊ သင်တို့မစိုက်ဘဲ စိုက်ပြီးသား စပျစ်ခြံများနှင့်သံလွင်ခြံများကို သင်တို့ရရှိပြီး ဝလင်စွာ စားရသောအခါ
သင်သည် ဤစီရင်ထုံးဖွဲ့ချက်တို့ကို ကြားနာ၍ လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ပဋိညာဉ်နှင့် မေတ္တာကရုဏာကို သင့်အပေါ်တွင် တည်စေတော်မူမည်။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။
ယနေ့ သင့်အား ငါဆင့်ဆိုသောပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ သို့ပြုလျှင် သင်တို့သည် အသက်ချမ်းသာရာရ၍တိုးပွားလျက် ထာဝရဘုရားက ထိုပြည်ကို သင်တို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်ကို ဝင်၍သိမ်းပိုက်ရလိမ့်မည်။
ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့်
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။