Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဆန်၊ စ ပါး၊ စ ပျစ် ရည်၊ ဆီ နှင့် တ ကွ၊ ဗာ လ ရုပ် ပွား များ သွန်း လုပ် သော ရွှေ၊ ငွေ အ မြောက် အ မြား ကို ပင်၊ ငါ ပေး သ နား ကြောင်း၊ မ သိ ခဲ့ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို ငါ​ပေး​သ​နား​သည် ဟူ၍​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား​အား ပူ​ဇော်​သော​ရွှေ​နှင့် ငွေ​ကို သူ၌ ငါ​များ​ပြား​စေ​သည် ဟူ၍​လည်း​ကောင်း သူ​သည် မ​အောက်​မေ့​ပါ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 2:8
27 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ သန့်ရှင်း​သော​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်​ရန် အကျွန်ုပ်​တို့​ပြင်ဆင်​ထား​သော ဤ​ဥစ္စာ​အလုံးအရင်း​သည် ကိုယ်တော့်​ထံ​မှ ဖြစ်​ပါ​၏​။ အလုံးစုံ​ကို ကိုယ်တော်​ပိုင်သ​တော်မူ​ပါ​၏​။


ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။


နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။


ရွှေ​ကို အိတ်​ထဲမှ​သွန်ချ​သော​သူ​၊ ငွေ​ကို ချိန်ခွင်​နှင့်​ချိန်​သော​သူ​တို့​သည် ပန်းထိမ်သမား​ကို​ငှားရမ်း​၍ ဘုရား​ရုပ်တု​ထုလုပ်​စေ​ပြီး ပျပ်ဝပ်​ကိုးကွယ်​ကြ​၏​။


ကောင်းကင်​မိဖုရား​ထံ မုန့်​ပူဇော်​ရန် သားသမီး​တို့​က ထင်း​ကောက်​ကြ​၏​။ ဖခင်​တို့​က မီး​မွှေး​ကြ​၏​။ မိခင်​တို့​က မုန့်​နယ်​ကြ​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ရှေ့​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့်​လည်း ငါ့​ကို​အမျက်ထွက်​စေ​ကြ​၏​။


တင့်တယ်​သော​ညောင်စောင်း​ပေါ်တွင်​ထိုင်​လျက်​၊ ငါ့​အား​ပူဇော်​ရ​မည့် နံ့သာပေါင်း​နှင့်​ဆီ​ကို စားပွဲ​တွင်​တင်​ထား​၏​။


တစ်နေ့တွင် နေဗုခဒ်နေဇာ​မင်းကြီး​သည် အမြင့်​အတောင်​ခြောက်ဆယ်​၊ အကျယ်​ခြောက်​တောင်​ရှိ​သော ရွှေ​ရုပ်တု​တစ်​ခု​ကို ထုလုပ်​ပြီး ဘေဘီလုံ​နယ်မြေ​ရှိ ဒုရ​လွင်ပြင်​၌ ထားရှိ​၍


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။


ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။


သူ​တို့​သည် အပြစ်​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ သူ​တို့​ကိုယ်ပိုင်​ဉာဏ်​ဖြင့် သူ​တို့​အဖို့ ငွေ​ရုပ်တု​ကို လုပ်​ကြ​၏​။ ထို​ရုပ်တု​အားလုံး​သည် လက်မှုပညာသည်​တို့​၏​လက်ရာ​သက်သက်​သာ ဖြစ်​၏​။ ထို​သူ​တို့​က “​ယဇ်ပူဇော်​သော​လူ​တို့​သည် နွားသငယ်ရုပ်တု​ကို​နမ်း​ကြ​စေ​”​ဟု ဆို​ကြ​၏​။


သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။


ဖောက်ပြန်မှားယွင်း​ခြင်း​နှင့် စပျစ်ဝိုင်​အဟောင်း​၊ စပျစ်ဝိုင်​အသစ်​တို့​သည် သူ​တို့​၏​အသိစိတ်​ကို အနိုင်ယူ​သွား​လေ​ပြီ​။


သူ​တို့​သည် ငါ​ခွင့်​မ​ပြု​ဘဲ ဘုရင်​ကို တင်မြှောက်​ကြ​၏​။ ငါ​မ​သိ​ဘဲ အုပ်ချုပ်သူ​ကို ခန့်ထား​ကြ​၏​။ ရွှေ​ငွေ​တို့​ဖြင့် ရုပ်တု​များ​ကို​ပြုလုပ်​ကြ​သည်​ဖြစ်၍ ဖျက်ဆီး​ခံရ​ကြ​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ကွန်​များ​ထံ ယဇ်ပူဇော်​၍ မိမိ​တို့​ပိုက်​များ​ထံ နံ့သာပေါင်း​ကို ပူဇော်​ကြ​၏​။ အကြောင်းမှာ ထို​အရာ​များ​အားဖြင့် သူ​တို့​၏​ဥစ္စာ​ပြည့်စုံကြွယ်ဝ​ကြ​ပြီး စားစရာ​လည်း ပေါများ​၏​။


ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။


သူ​တို့​သည် လယ်ပြင်​သို့​သွား​၍ စပျစ်ခြံ​မှ စပျစ်သီး​များ​ကို ဆွတ်ခူး​ကြ​၏​။ စပျစ်သီး​များ​ကို နင်းနယ်​၍ ပျော်ပွဲ​ကျင်းပ​ကြ​၏​။ သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ စား​သောက်​လျက် အဘိမလက်​ကို ကျိန်ဆဲ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ