သင်တို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
တရားဟော 4:23 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။'' Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို မ မေ့ မ လျော့။ ပ ညတ် ထား တော် မူ ခဲ့ သော တစ် စုံ တစ် ရာ၏ ပုံ သဏ္ဌာန် အ တူ၊ ရုပ် ပွား ဆင်း တု ကို မ လုပ် ခြင်း ငှါ၊ သ တိ မူ ကြ လော့။ Judson Bible သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၌ထားတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန်ရှိသောရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။ |
သင်တို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။
သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။
ငါဝင်သွားသော် တွားသွားသောတိရစ္ဆာန်များ၊ ရွံရှာဖွယ်တိရစ္ဆာန်များနှင့် အစ္စရေးအမျိုးအနွယ်တို့ကိုးကွယ်သော ရုပ်တုများ၏ပုံကို နံရံပတ်ပတ်လည်၌ ထွင်းထုထားသည်ကို တွေ့ရ၏။
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
တစ်ဖန် မောရှေနှင့် လေဝိအမျိုးယဇ်ပုရောဟိတ်တို့က အစ္စရေးလူမျိုးအပေါင်းတို့အား “အို အစ္စရေးလူမျိုးတို့၊ တိတ်ဆိတ်စွာနေ၍နားထောင်ကြလော့။ ယနေ့ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏လူမျိုးတော်ဖြစ်လာကြပြီ။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင်
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။
ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ကြရမည့်အကြောင်း ကိုယ့်ကိုယ်ကိုယ်အထူးသတိပြုကြလော့။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။