တရားဟော 5:2 - မြန်မာ့စံမီသမ္မာကျမ်း2 ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible2-3 ဟော ရပ် တောင် တွင် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဘိုး ဘေး တို့ နှင့် မ ဟုတ်၊ ဤ အ ရပ်၌ ယ ခု ရှင် လျက် နေ သ မျှ သော ငါ တို့ နှင့် ဖွဲ့ ခဲ့ တော် မူ သော်၊ အခန်းကိုကြည့်ပါ။Judson Bible2 ငါတို့ ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။