အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 4:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် သင်​တို့​လိုက်နာ​ရန် ညွှန်ကြား​ထား​သည့် မိမိ​၏​ပဋိညာဉ်​တည်းဟူသော ပညတ်တော်​ဆယ်​ပါး​ကို သင်​တို့​အား​ပြောကြား​တော်မူ​ပြီးလျှင် ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးထား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ လိုက် နာ ကြ စေ ရန် မိန့် မှာ တော် မူ သော ပ ဋိ ညာဉ်၊ ပ ညတ် တော် ဆယ် ပါး ကို၊ ဖော် ပြ လျက်၊ ကျောက် နှစ် ပြား ထက် အ က္ခ ရာ တင် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 4:13
18 ပူးပေါင်းရင်းမြစ်များ  

သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။


ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။


ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။


ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်လာ​၍ ထို​နေရာ​၌​နေ​လော့​။ လူ​တို့​ကို သွန်သင်​ရန် ငါ​အက္ခရာတင်​ထား​သည့် တရားတော်​၊ ပညတ်တော်​ပါရှိ​သော​ကျောက်ပြား​တို့​ကို သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခင်​ကျောက်ပြား​တို့​နှင့်တူသော​ကျောက်ပြား​နှစ်​ချပ်​ကို သင်​ထုဆစ်​လော့​။ သင်​ချိုးဖျက်​လိုက်​သော ယခင်​ကျောက်ပြား​တို့​၌​ပါ​သည့် နှုတ်ကပတ်တော်​အတိုင်း ထို​ကျောက်ပြား​တို့​ပေါ်၌ ငါ​အက္ခရာတင်​ထား​မည်​။


မောရှေ​သည် အစာ​ကို​မ​စား​၊ ရေ​ကို​လည်း​မ​သောက်​ဘဲ ထို​အရပ်​၌ ထာဝရဘုရား​နှင့်အတူ နေ့​ပေါင်း​လေးဆယ်​၊ ည​ပေါင်း​လေးဆယ်​နေ​လျက် ကျောက်ပြား​များ​အပေါ်​၌ ပညတ်တော်​ဆယ်​ပါး​တည်းဟူသော ပဋိညာဉ်​ပါ​အချက်​များ​ကို ရေးသား​လေ​၏​။


သူ​တို့​သည် အစ္စရေး​အမျိုးသား​များ​ဖြစ်​ကြ​ပြီး သားသမီး​အရာ​ဖြစ်စေ၊ ဘုန်း​အသရေ​ဖြစ်စေ၊ ပဋိညာဉ်​များ​ဖြစ်စေ၊ ပညတ်​တရား​ပေးအပ်​ခြင်း​ဖြစ်စေ၊ ဝတ်ပြု​ခြင်း​ဖြစ်စေ၊ ကတိ​တော်​များ​ဖြစ်စေ ထို​သူ​တို့​နှင့်ဆိုင်​၏။


ကျောက်​ပြား​ပေါ်​ရေးထွင်း​၍ အက္ခရာတင်​ထား​သော သေ​ခြင်း​နှင့်ဆိုင်​သည့် အမှု​ပင်လျှင် ဘုန်း​အသရေ​ဖြင့်​ရောက်လာ​၍ မောရှေ​၏​မျက်နှာ​မှ​ထွက်​သော မှေးမှိန်​သွား​သည့်​ဘုန်း​အသရေ​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​မျက်နှာ​ကို စေ့စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆိုလျှင်


ထာဝရဘုရား​သည်​လည်း သင်​တို့​အား မီး​ထဲ​မှ မိန့်မြွက်​တော်မူ​၏​။ သင်​တို့​သည် စကား​သံ​ကို​ကြား​ရ​သော်လည်း ပုံသဏ္ဌာန်​တော်​ကို​မ​မြင်​ရ​။ အသံ​တော်​ကို​သာ​ကြား​ရ​၏​။


သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် ငါ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​၏​။


ထာဝရဘုရား​သည် တောင်​ပေါ်၌ မီး​၊ မိုးတိမ်​နှင့် အမှောင်ထု​တို့​ထဲ​မှ ကြီးမား​သော​အသံ​ဖြင့် လူ​အစုအဝေး​တစ်ရပ်လုံး​အား ဤ​စကား​တို့​ကို မိန့်​တော်မူ​၏​။ ထို့နောက် ထပ်၍ မိန့်​တော်​မ​မူ​ဘဲ ဤ​စကား​တို့​ကို ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးသား​ပြီး ငါ့​အား ပေးအပ်​တော်မူ​၏​။


၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။