Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 4:13 - Common Language Bible

13 ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင် တို့ လိုက် နာ ကြ စေ ရန် မိန့် မှာ တော် မူ သော ပ ဋိ ညာဉ်၊ ပ ညတ် တော် ဆယ် ပါး ကို၊ ဖော် ပြ လျက်၊ ကျောက် နှစ် ပြား ထက် အ က္ခ ရာ တင် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ကိုယ်တော်​သည် သင်​တို့​လိုက်နာ​ရန် ညွှန်ကြား​ထား​သည့် မိမိ​၏​ပဋိညာဉ်​တည်းဟူသော ပညတ်တော်​ဆယ်​ပါး​ကို သင်​တို့​အား​ပြောကြား​တော်မူ​ပြီးလျှင် ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးထား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 4:13
18 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။


အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။


သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။ လူ​တို့​ကို​သွန် သင်​ရန်​အ​တွက် ငါ​ရေး​ထား​သော​ပ​ညတ်​အား လုံး​ပါ​ရှိ​သည့်​ကျောက်​ပြား​နှစ်​ပြား​ကို​သင့် အား​ငါ​အပ်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-


ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-


မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။


သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-


ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-


သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-


သင်​တို့​ဝင်​ရောက်​သိမ်း​ပိုက်​မည့်​ပြည်​တွင်​သင် တို့​စောင့်​ထိန်း​ရ​မည့်​ပ​ညတ်​များ​ကို သင်​တို့ အား​သွန်​သင်​ရန်​ငါ့​ကို​မိန့်​မှာ​တော်​မူ​၏။''


``ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​အ​နီး​သို့​စု​ရုံး လာ​သော​သင်​တို့​အ​ပေါင်း​အား ဤ​ပ​ညတ်​တော် များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​မီး​နှင့်​မှောင်​မည်း​သော​မိုး​တိမ်​ထဲ​မှ​ကျယ် သော​အ​သံ​တော်​ဖြင့် ဤ​ပညတ်​တော်​များ​ကို​မိန့် မြွက်​တော်​မူ​၏။ ထပ်​၍​မိန့်​မြွက်​တော်​မ​မူ။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပညတ်​တော်​များ ကို​ကျောက်​ပြား​နှစ်​ချပ်​ပေါ်​တွင်​ရေး​၍​ငါ့ အား​ပေး​အပ်​တော်​မူ​သည်။''


ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ