တရားဟော 33:2 - မြန်မာ့စံမီသမ္မာကျမ်း
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
အခန်းကိုကြည့်ပါ။
ထာ ဝ ရ ဘု ရား သည် သိ နာ တောင် က ကြွ လာ၍ စိ ရ ပြည် မှ လူ မျိုး တော့် အ ပေါ် တွင် ထွန်း လင်း တော် မူ၏။ ပါ ရန် တောင် တန်း က ရောင် ခြည် တော် လွှတ် လျက်၊ ညာ လက် တော် က မီး တောက် ပ လျက်၊ သန့် ရှင်း သူ ကု ဋေ သချေ များ မှ ပေါ် ထွန်း တော် မူ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။
အခန်းကိုကြည့်ပါ။