တရားဟော 33:2 - Common Language Bible2 ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား သည် သိ နာ တောင် က ကြွ လာ၍ စိ ရ ပြည် မှ လူ မျိုး တော့် အ ပေါ် တွင် ထွန်း လင်း တော် မူ၏။ ပါ ရန် တောင် တန်း က ရောင် ခြည် တော် လွှတ် လျက်၊ ညာ လက် တော် က မီး တောက် ပ လျက်၊ သန့် ရှင်း သူ ကု ဋေ သချေ များ မှ ပေါ် ထွန်း တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-