သမီးအကြီးက သမီးအငယ်အား “ငါတို့၏ဖခင်သည် အသက်ကြီးပြီ။ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့၏ထုံးစံအတိုင်း ငါတို့ထံသို့ဝင်ရောက်မည့်ယောက်ျားလည်း ဤကမ္ဘာမြေကြီးပေါ်တွင်မရှိ။
တရားဟော 25:5 - မြန်မာ့စံမီသမ္မာကျမ်း အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။ Common Language Bible ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။- Garrad Bible အ ကယ်၍ အ တူ နေ ညီ အစ် ကို တို့ အ နက်၊ တစ် ဦး သည် သား မ ရှိ ဘဲ သေ လျှင်၊ မု ဆိုး မ သည် အိမ် ထောင် သား ချင်း ပြင်၊ မ ဆိုင် သူ နှင့် အိမ် ထောင် မ ပြု ရ။ မတ် သည်၊ မတ် ဝတ် အ တိုင်း အိမ် ထောင် ပြု လျက် ဝင် ထွက် ရ သ ဖြင့်၊ Judson Bible အတူနေသော ညီအစ်ကိုတို့တွင်၊ တစ်စုံတစ်ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏မယားသည် အခြားတစ်ပါးသောလူစိမ်းနှင့် စုံဖက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကိုပြုရမည်။ |
သမီးအကြီးက သမီးအငယ်အား “ငါတို့၏ဖခင်သည် အသက်ကြီးပြီ။ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့၏ထုံးစံအတိုင်း ငါတို့ထံသို့ဝင်ရောက်မည့်ယောက်ျားလည်း ဤကမ္ဘာမြေကြီးပေါ်တွင်မရှိ။
“ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည်ဟု မောရှေညွှန်ကြားခဲ့ပါသည်။
“ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။
“ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ဖွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
နောမိကလည်း “ငါ့သမီးတို့၊ ပြန်သွားကြပါ။ အဘယ်ကြောင့် ငါနှင့်အတူ လိုက်မည်နည်း။ သင်တို့ယောက်ျားရဖို့ ငါ့ဝမ်းထဲက သားမွေးနိုင်သေးသလော။
ဤညတွင် အိပ်ဦးလော့။ နံနက်ရောက်မှ ထိုသူသည် သင့်ကို ရွေးနုတ်မည်ဆိုလျှင် ရွေးနုတ်ပါစေ။ ကောင်းပါ၏။ အကယ်၍ သူမရွေးနုတ်လျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကို ငါရွေးနုတ်မည်။ ယခုမူ နံနက်တိုင်အောင် အိပ်ဦးလော့”ဟု ဆို၏။
သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။
ထို့ကြောင့် ဗောဇက “သင် မည်သူနည်း”ဟု မေးရာ ရုသက “အကျွန်ုပ်သည် သခင့်ကျွန်မ ရုသ ဖြစ်ပါ၏။ သခင်သည် အကျွန်ုပ်ကို ရွေးနုတ်ခွင့်ရှိသူဖြစ်သောကြောင့် သခင်၏ဝတ်လုံစွန်းဖြင့် သခင့်ကျွန်မကို လွှမ်းခြုံပေးပါတော့”ဟု ဆို၏။
ဗောဇကလည်း “နောမိလက်မှ မြေကွက်ကိုဝယ်မည်ဆိုလျှင် သေလွန်သူ၏မယား မောဘအမျိုးသမီးရုသကိုပါ ဝယ်ယူရမည်။ သို့မှ သေလွန်သူ၏အမွေမြေကို သူ့အမည်ဖြင့် ဆက်လက်တည်စေမည်ဖြစ်သည်”ဟု ဆိုလျှင်